Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲတွင် လက်ဖက်ရည်ဆိုင်ထိုင်​နေ​သော မြို့နယ်စည်ပင်ဦးစီးမှူးနှင့်လျှပ်စစ်အရာရှိ​သေနတ်အပစ်ခံရ၍​သေဆုံး

ကျောက်မဲမြို့၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ၊ဦးစီးမှူးနှင့် နမ္မတူမြို့မှ လျှပ်စစ်ဌာန အရာရှိတစ်ဦးသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဟု သိရသည်။

(​ကျောက်မဲမြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(​ကျောက်မဲမြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪︎အတူထိုင်​နေ​သောအုပ်ချုပ်​ရေးမှူးလက်ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင်ယနေ့နေ့လယ် ၁၂နာရီခန့်က စစ်​ကောင်စီ၏ မြို့နယ်စည်ပင်ဦးစီးမှူးနှင့် လျှပ်စစ်ဌာန အရာရှိ သေနတ်ဖြင့် ပစ်သတ်ခံ ရ​ကြောင်း​ဒေသခံများက​ပြောသည်။

ကျောက်မဲမြို့၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ၊ဦးစီးမှူးနှင့် နမ္မတူမြို့မှ လျှပ်စစ်ဌာန အရာရှိတစ်ဦးသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဟု သိရသည်။

Public Service Announcement
Public Service Announcement

” ကျောက်မဲမြို့၊စည်ပင်ဦးစီးမှူးက ပြောင်းလာတာ မကြာသေးဘူး။ဆိုင်ထဲဝင်ပစ်သွားတာ။ သူနဲ့အတူရှိနေတဲ့နမ္မတူမြို့က လျှပ်စစ်ဌာန အရာရှိတစ်ဦးလည်း သေတယ်။ အုပ်ချုပ်ရေးမှူးက လက်ထိသွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ပစ်ခတ်မှုသည် ကျောက်မဲမြို့ ၁ရပ်ကွက်ရှိ မြို့တော်ခန်းမအနီး လက်ဖက်ရည်ဆိုင်တဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသမီးအမည်ဖြင့် ဖွင့်ထားသည့် ထိုလက်ဖက်ရည်ဆိုင်သည်စစ်ကောက်စီလက်အောက်ခံ ‌များ လာရောက်ထိုင်နေကြဆိုင်ဟု​ဒေသခံအချို့က​ပြောသည်။ ပစ်ခတ်သူနှစ်ဦးနှင့် ပတ်သက်၍ စစ်ကောင်စီတပ်က မေးမြန်းစစ်ဆေးသည်ကို ဒေသခံများက ဖြေလိုက်ကြရကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။