Connect with us

Hi, what are you looking for?

သတင်း

KIA၊ PDF သိမ်းပိုက်ခဲ့သည့် ကသိုဏ်းတောင်စခန်းကို စစ်ကောင်စီတပ် ယနေ့ လေကြောင်း တိုက်ခိုက်

ယနေ့(ဩဂုတ် ၈ရက်) နေ့လယ် ၃နာရီ ၄မိနစ်အချိန်တွင် လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ပြီး KIA၊PDF ပူးပေါင်းတပ်ဘက်က ထိခိုက်မှုမရှိဟု သတင်းရင်းမြစ်က ပြောသည်။

(KIA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကသိုဏ်းတောင်စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - The Kachinnet)
(KIA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကသိုဏ်းတောင်စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - The Kachinnet)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့နံနက်အစောပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က ယနေ့ လေကြောင်းမှ တုံ့ပြန်တိုက်ခိုက်ခဲ့သည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့(ဩဂုတ် ၈ရက်) နေ့လယ် ၃နာရီ ၄မိနစ်အချိန်တွင် လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ပြီး KIA၊PDF ပူးပေါင်းတပ်ဘက်က ထိခိုက်မှုမရှိဟု သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ဒေသတွင်း စစ်ရေးအခြေအနေများကို ဆက်လက်စုံစမ်းဆဲဟု ဆိုသည်။

“လေကြောင်းက လာတိုက်တယ်။ တိုက်ပြီး လေယာဉ် ဗုံး ၄လုံး ကြဲသွားတယ်။ စစ်ကောင်စီက ဒါထုံးစံပဲ သူတို့ မြေပြင်မှာမနိုင်ရင် တစ်နိုင်ငံလုံး လေယာဉ်နဲ့ ကြဲနေတာပဲ။ အခုလည်း ကသိုဏ်းတောင် ကုန်းကိုပဲကြဲသွားတာ။ အထိအခိုက်ကတော့ အတိအကျမသိသေးဘူး”ဟု ဖားကန့်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယမန်နေ့ စခန်းသိမ်းတိုက်ပွဲအပြီးတွင် ကသိုဏ်းတောင် တပ်စခန်းကို KIAက တပ်စွဲနေရာယူထားသည်ဟု ဒေသခံက ပြောသည်။

ဖားကန့် ဒေသခံအချို့က ယနေ့ မွန်းလွဲပိုင်းတွင် ပစ်ခတ်သံများ ကြားရသည်ဟု ပြောသည်။

“ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ ပစ်တာတော့ကြားတယ်။ ဘယ်နားပစ်လဲတော့ မသိဘူး။ အသံပဲကြားရတာ”ဟု ဖားကန့်မြို့ခံက ပြောသည်။

ယမန်နေ့က ကသိုဏ်းတောင် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိပြီး အရှင်ဖမ်းမိသူများလည်းရှိသည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ငယ် ခုနစ်လက် သိမ်းဆည်းရရှိပြီး ခဲယမ်း၊ ကျည်အများအပြားကိုလည်း သိမ်းဆည်းရရှိသည်ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။