Connect with us

Hi, what are you looking for?

သတင်း

လက်ခတ်တောင်ကို စစ်ကောင်စီ အင်အားဖြည့်ထိုးစစ်ဆင်နေသော်လည်း လွယ်ကူမည်မဟုတ်ဟု KNU သတင်းရင်းမြစ်ပြော

လတ်တလော မြ၀တီလမ်းပိုင်း၌ တောင်ကျရေကြောင့် လမ်းတံတားများ ပျက်စီးနေခြင်းကြောင့် တော်လှန်ရေးအင်အားစုများအတွက် စစ်ရေးပိုင်းပိုမိုအားသာစေသည်ဟုလည်း KNU သတင်းရင်းမြစ်က ပြောသည်။

(လက်ခတ်​တောင်နှင့် မြဝတီမြို့တို့ကို Google Mapတွင် ​တွေ့ရမှု)
(လက်ခတ်​တောင်နှင့် မြဝတီမြို့တို့ကို Google Mapတွင် ​တွေ့ရမှု)

▪️BGFတပ်များလည်း စစ်ကြောင်းထိုးနေပြီ ဗိုလ်စောချစ်သူ၏သား ဦးဆောင်သည့်တပ်ဖွဲ့လည်းပါဝင်ဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားသည့် မြ၀တီမြို့နယ် လက်ခတ်တောင်ကြောကို ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီတပ်က အင်အားဖြည့် ထိုးစစ်ဆင်နေရာ တိုက်ပွဲများဆက်ရှိနေကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

“သူတို့ လက်နက်ကြီးနဲ့ ပစ်နေတယ်။ ပြီးရင် တက်လိုက် ပြန်ဆုတ်လိုက်ပေါ့”ဟု စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုအပေး ၎င်းက ပြောသည်။

လက်ခတ်တောင်စစ်ကောင်စီတပ်စခန်းကို ဇူလိုင် ၂၁ရက်တွင် KNU ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတပ်စခန်းကို ပြန်လည် ရယူနိုင်ရေး စစ်ကောင်စီတပ်က ဇူလိုင် ၂၄ရက်ကတည်းက ပြန်လည်ထိုးစစ်ဆင်နေသော်လည်း တောင်ခြေပင် ကပ်ရန်မလွယ်သည့် အနေအထားဖြစ်သည်ဟု ဆိုသည်။

“လွယ်လွယ်ကူကူတော့ရမယ်လို့မထင်ဘူး”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

လက်ခတ်တောင် စခန်းကုန်းပေါ်၌ ပူးပေါင်းတပ်ဖွဲ့ဝင်များမရှိဘဲ တောင်ခြေ၌သာရှိနေကြောင်းလည်း ၎င်းက ပြောသည်။

“အခုက ရန်သူကလည်း တက်၊ ကျနော်တို့ကလည်း ခံပစ်။ နောက်ပြီး ကျနော်တို့က တိုက်တာပဲ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

ကရင်သတင်းဌာန KIC၏ တိုက်ပွဲသတင်းဖော်ပြချက်တွင် လက်ခတ်တောင် ဘုရားကုန်းစခန်းအား ပြန်လည်သိမ်းယူနိုင်ရန် နယ်ခြားစောင့်တပ်ဖွဲ့(BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ သားဖြစ်သည့် ဗိုလ်မှူးစောချစ်ချစ် ဦးဆောင်သည့် တပ်ရင်း နှစ်ခုနှင့် စစ်ကောင်စီ တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းထိုးလျက်ရှိသည်ဟု တော်လှန်ရေးအင်အားစုများကို ကိုးကားဖော်ပြသည်။

ယင်းသို့ ဖော်ပြချက်နှင့်ပတ်သက်၍ KNU သတင်းရင်းမြစ်က “သူ့သား(ဗိုလ်စောချစ်သူ၏ သား)တော့ ပါတယ်။ သူ့သားတစ်ယောက်မဟုတ် တစ်ယောက်တော့ ပါတာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ သူ့သားက စစ်တပ်ထဲမှာ ပါတယ်ဆိုတော့ ဒီလိုမျိုးနေရာမှာ သူပါမှာပဲလို့ထင်တယ်။ ဗိုလ်ချစ်သူတို့ ဗိုလ်တင်ဝင်းတပ်တွေ ပါတယ်။ သူတို့(BGF ခေါင်းဆောင်နှင့် ခေါင်းဆောင်များ၏ သားများ)ကျတော့နောက်တန်းမှာပေါ့။ ရှေ့တန်းတော့ သူတို့ ဘယ်လာမလဲ၊ ဘယ်အသေခံမလဲ”ဟု ပြောသည်။

လက်ခတ်တောင်ကို သိမ်းယူနိုင်ရန် စစ်ကောင်စီတပ်က ဇူလိုင် ၂၄ရက်မှ ယနေ့အထိ စစ်အင်အားများ ဖြည့်တင်းနေသည်ဟု ဆိုသည်။

လတ်တလော မြ၀တီလမ်းပိုင်း၌ တောင်ကျရေကြောင့် လမ်းတံတားများ ပျက်စီးနေခြင်းကြောင့် တော်လှန်ရေးအင်အားစုများအတွက် စစ်ရေးပိုင်းပိုမိုအားသာစေသည်ဟုလည်း KNU သတင်းရင်းမြစ်က ပြောသည်။

“ကျနော်တို့ဘက်ကို သဘာ၀ကလည်း ဝိုင်းကူပေးတာပဲ။ လမ်းပျက်တယ်လေ။။ အရင်တုန်းကဆို ကျနော်တို့တံတားတွေ သွားဖျက်ရင် ပြည်သူလူထု အခက်အခဲဖြစ်ရင်လူအခွင့်အရေး ချိုးဖောက်မှုလို့ဖြစ်တယ်။ ကျနော်တို့ရည်မှန်းချက်ကတော့ စစ်ဆင်ရေးအတွက်ပေါ့။ အခုဟာက အဲဒီလို(တောင်ပြို၊ လမ်းပျက်)ဖြစ်တဲ့အခါ တစ်မျိုးကောင်းတာပေါ့။ သူတို့စစ်ဆင်ရေးအတွက် အခက်အခဲဖြစ်တာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ