Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်ရှိ ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းအဖွဲ့ စီးနင်းတိုက်ခိုက်၊ တစ်ဦးအရှင်ဖမ်းမိ

အထက်ပါ ကူးတို့ဆိပ်ရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသည့် အဆောက် အအုံအချို့ကို တော်လှန်ရေးပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာချိန်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

(၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်က လေးမြို့နယ် လည်ကြီးရွာ၌ စစ်တပ်က ပြည်သူ့စစ်သင်တန်းပေးနေစဥ်။ ဓာတ်ပုံ - CJ)
(၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်က လေးမြို့နယ် လည်ကြီးရွာ၌ စစ်တပ်က ပြည်သူ့စစ်သင်တန်းပေးနေစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသော ပျူစောထီးနှင့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က အချိန် ၅နာရီကြာ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့် ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force-PDF)မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(သြဂုတ် ၁၁)နံနက် ၆ နာရီခန့်က ကူးတို့ဆိပ်ရွာတွင်တပ်စွဲထားသော ပျူစောထီးနှင့် စစ်ကောင်စီတပ်ကို ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သော ရွှေဘိုခရိုင် တပ်ရင်း(၂၀)၊ အဖြူရောင် DPY ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပုဂံပြည်ဘီလူးတပ်၊ ညောင်ဦးခရိုင် တပ်ရင်း(၅)၊ တပ်ခွဲ(၂)၊ နယ်စည်းမခြား ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း(၁)၊ ရန်ကြီးအောင် PDF၊ ပကဖအဖွဲ့များဖြစ်သော A2K၊ ဆင်အင်း၊ မအူပင်အပါအဝင် ဝံပုလွေဒရုန်းအဖွဲ့၊ ကြားဖြူစစ် ကြောင်း တပ်ခွဲ(၇)နှင့် Khin U Local Brother Group တို့မှ နေ့လယ် ၁၁ နာရီကျော်အထိ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

“သူတို့က ဘန်ကာသုံးဆင့် ခံထားတာ။ ပထမဘန်ကာနဲ့ ဒုတိယဘန်ကာကို ဖြိုနိုင်တယ် ခင်ဗျ။ နောက်ဆုံးဘန်ကာကို ဖြိုနေတဲ့အချိန် ကျနော်တို့တွေ ကျည်အင်အားလျော့သွားတာရယ် သူတို့ဘက်က တပ်ကူလာတာရယ်ကြောင့် ပြန်ဆုတ်ခဲ့ရတယ်။ ဘန်ကာတွေက ရွာအပြင်ဘက်မှာ ဆောက်ထားတာ။ ကျနော်တို့က ရွာထဲကနေဝင်ပြီး အလစ်အငိုက်ဝင်တိုက်တာ”ဟု ပုဂံပြည်ဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ပျူစောထီးနှင့် စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးရှိနိုင်သော်လည်း အတိအကျမသိရသေးဘဲ ပျူစောထီးတစ်ဦးကိုသာ လက်ရအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စီးနင်းတိုက်ခိုက်မှုတွင် အရှင်ဖမ်းမိခဲ့သည့် စစ်ကောင်စီထောက်တိုင် လက်နက်ကိုင်ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို တော်လှန်ရေးပူးပေါင်းတပ်များက ဒေသအဆခြစိုက် ရွှေဘို(ပကဖ)ထံ လွှဲအပ်လိုက်ပြီး ၎င်းပျူစောထီးအား အရေးယူဆောင်ရွက်နိုင်ရေး ရွှေဘို(ပကဖ)မှ ဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်း ပုဂံပြည်ဘီလူးတပ်ထံမှ သိရသည်။

အထက်ပါ ကူးတို့ဆိပ်ရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသည့် အဆောက် အအုံအချို့ကို တော်လှန်ရေးပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာချိန်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။