Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ် ညောင်ကိုင်းရွာပျူစခန်း မီးရှို့ဖျက်ဆီးခံရဟုဆို

ယမန်နေ့ (သြဂုတ် ၁ရက်)နံနက် ၃ နာရီခန့်က ရွှေဘိုမြို့နယ် ၊ ညောင်ကိုင်းရွာရှိ ပျူစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူသုံးဦးထိခိုက်ဒဏ်ရာများရရှိကြောင်း ဒေသခံများက ပြောသည်။

(စစ်ကိုင်းတိုင်းအတွင်းရှိ ပျူစောထီးအဖွဲ့ဝင်များအား ၂၀၂၂ အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - အညာသားလေး)
(စစ်ကိုင်းတိုင်းအတွင်းရှိ ပျူစောထီးအဖွဲ့ဝင်များအား ၂၀၂၂ အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - အညာသားလေး)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကြီးစိုးရာ ညောင်ကိုင်းကျေးရွာ ပျူစခန်းအား ဒေသတွင်းPDFများက ဝင်ရောက်တိုက်ခို​က်ရာ ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (သြဂုတ် ၁ရက်)နံနက် ၃ နာရီခန့်က ရွှေဘိုမြို့နယ် ၊ ညောင်ကိုင်းရွာရှိ ပျူစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူသုံးဦးထိခိုက်ဒဏ်ရာများရရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ကျေးရွာရှိ ပျူစောထီးစခန်းအဆောက်အအုံများကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

“ရွာကိုဝင်သိမ်းတာ ပြောတယ်။ မီးလည်းတင် သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထုတ်ပြန်ခြင်းမရှိသေးပေ။

ဇူလိုင် ၃၀ ရက် နံနက်ပိုင်းကလည်း ညောင်ကိုင်း၊ တည်သီးတော၊ ဆင်အင်း၊ ကူးတိုးဆိပ်၊ မြင်းစီး စသည့် ပျူကျေးရွာများမှ လစာထုတ်ရန် ထွက်လာသည့် အင်အား ၇၀ခန့်ပါ ပျူများကို မြို့လှ-ဂျိုးမြေဇင်း လမ်းပိုင်းတစ်နေရာတွင် ပဒေသာမိုင်း၊ ဆွဲမိုင်းနှင့် တိုက်မိုင်းဖြင့် သုံးကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပျူအုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။