Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ဟန့်တားနိုင်မယ့် ဒုံးခွင်းဒုံးစနစ် အမေရိကန်နဲ့ ဂျပန် ပူးပေါင်း တီထွင်နေ

လက်ရှိ အချိန်ထိ ကမ္ဘာပေါ်မှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ကြားဖြတ် ဟန့်တားနိုင်တဲ့ လက်တွေ့ တိုက်ပွဲဝင်အဆင့် နည်းပညာမျိုး ပေါ်ထွန်းမလာသေးပါဘူး။

ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ဟန့်တားနိုင်မယ့် ဒုံးခွင်းဒုံးစနစ် အမေရိကန်နဲ့ ဂျပန် ပူးပေါင်း တီထွင်နေ
ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ဟန့်တားနိုင်မယ့် ဒုံးခွင်းဒုံးစနစ် အမေရိကန်နဲ့ ဂျပန် ပူးပေါင်း တီထွင်နေ

ခေတ်သစ် ဟိုက်ပါဆောနစ်ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနိုင်မယ့် ဒုံးခွင်းဒုံး စနစ်တစ်ခုကို ဂျပန်နဲ့ အမေရိကန် ပူးပေါင်း တီထွင်နေကြောင်း သိရပါတယ်။

ဟိုက်ပါဆောနစ် နည်းပညာဟာ ကမ္ဘာ့ လက်နက်အင်အားကြီး နိုင်ငံတွေကြား နောက်ဆုံးပေါ် အားပြိုင်မှု ဖြစ်လာပါတယ်။ ဟိုက်ပါဆောနစ် ဆိုတာဟာ အသံရဲ့ မြန်နှုန်းထက် ၅ ဆကနေ ၂၅ ဆထိ ပိုမြန်အောင် ပျံသန်းနိုင်တဲ့ နည်းပညာကို ဆိုလိုတာဖြစ်ပြီး အမေရိကန်၊ ရုရှား၊ တရုတ်တို့အပြင် မြောက်ကိုရီးယားကပါ အဲဒီဒုံးကျည် နည်းပညာကို အသည်းအသန် အဆင့်မြှင့် တီထွင်နေပါတယ်။

ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို လက်တွေ့ အသုံးပြု တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။ သီအိုရီအားဖြင့် အရမ်းမြန်မြန် ပျံသန်းနေတဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ လက်ရှိ ကမ္ဘာပေါ်မှာ ရှိရင်းစွဲ ဒုံးခွင်းဒုံး စနစ်တွေနဲ့ ကြားဖြတ် ဟန့်တားဖို့ မဖြစ်နိုင်ဘူးလို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ ယူကရိန်းမှာတော့ အမေရိကန်လုပ် Patriot ဒုံးခွင်းဒုံး စနစ်ကို အသုံးပြုပြီး ရုရှားရဲ့ Kinzhal အမျိုးအစား ဟိုက်ပါဆောနစ် ဒုံးကျည်တချို့ကို ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ဆိုပါတယ်။

အခုတော့ ဂျပန်နဲ့ အမေရိကန်တို့ ပူးပေါင်းပြီး ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ကြားဖြတ် ဟန့်တားမယ့် လေကြောင်း ကာကွယ်ရေးစနစ်တခု စတင် တီထွင်နေပြီလို့ ဂျပန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အချိန်ထိ ကမ္ဘာပေါ်မှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ကြားဖြတ် ဟန့်တားနိုင်တဲ့ လက်တွေ့ တိုက်ပွဲဝင်အဆင့် နည်းပညာမျိုး ပေါ်ထွန်းမလာသေးပါဘူး။ ဒါပေမဲ့ အစ္စရေးကတော့ Sky Sonicလို့ နာမည်ပေးထားတဲ့ စမ်းသပ်အဆင့် နည်းပညာ တခုကို အတော်ကြီး ခရီးရောက်အောင် ရှေ့ဆက်ထားနိုင်ပြီလို့ သိရပါတယ်။

အမေရိကန်-ဂျပန် ပူးပေါင်း သုတေသနပြုမှု အစီအမံကိုတော့ နှစ်နိုင်ငံ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံတဲ့ အစီအစဉ်မှာ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ဟိုက်ပါဆောနစ် ဒုံးကျည် နည်းပညာကို ထဲထဲဝင်ဝင် သုတေသနပြု လေ့လာနေခြင်းက အခုလို အစီအမံမျိုး ပေါ်ထွန်းလာအောင် တွန်းအားပေး လှုံ့ဆော်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒုံးကျည် နည်းပညာပိုင်း အဆင့်မြှင့်တင်မှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့သလို ထင်ရှားမြင်သာတဲ့ အောင်မြင်မှုတွေကိုလည်း ပိုင်ဆိုင်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။