Connect with us

Hi, what are you looking for?

News

မိုင်းကိုင်တွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်ပွားသောတိုက်ပွဲကြောင့် ပြည်သူတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

“သူတို့(RCSSနှင့် SSPP)ဖြစ်နေတဲ့ တိုက်ပွဲမှာ ဒေသခံအိမ်တွေပေါ် လက်နက်ကြီး ကျတာ။ တိုက်ပွဲက ဆိုးတယ်။ ကျန်တဲ့သုံးယောက်လည်း မိုင်းကိုင်ဆေးရုံမှာ ကူနေရတုန်းပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် RCSSနှင့် SSPP တိုက်ပွဲအတွင်း ဒဏ်ရာရသူ အရပ်သားလေးဦးအနက်တစ်ဦး သေဆုံးသွားသည်။

မိုင်းကိုင်မြို့နယ် ကုန်းပေါင်းကျေးရွာတွင် ယမန်နေ့ ( အောက်တိုဘာ ၄ရက်)ညနေက အရပ်သားမိသားစုရှိနေသည့်အိမ်တစ်အိမ်ပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် လေးဦး ဒဏ်ရာရရှိခဲ့ပြီးယင်းတို့ထဲမှ အမျိုးသားတစ်ဦးသည် ယနေ့ သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“သူတို့(RCSSနှင့် SSPP)ဖြစ်နေတဲ့ တိုက်ပွဲမှာ ဒေသခံအိမ်တွေပေါ် လက်နက်ကြီး ကျတာ။ တိုက်ပွဲက ဆိုးတယ်။ ကျန်တဲ့သုံးယောက်လည်း မိုင်းကိုင်ဆေးရုံမှာ ကူနေရတုန်းပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သောRCSSနှင့် SSPPသည် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကိုဆန့်ကျင်တွန်းလှန်သောနွေဦးတော်လှန်ရေးတွင် နှုတ်ဆိတ်နေသည့်အပြင် အချင်းချင်းဖြစ်နေသည့် တိုက်ပွဲအတွင်း ဒေသခံပြည်သူသုံးထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook