Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့ရောက်ရှိသည့် စစ်ကောင်စီရေယာဥ်အုပ်စုရိက္ခာပြတ်ပြီး ကျေးရွာအချို့စစ်ကြောင်းထိုး ရိက္ခာစုဆောင်းနေ

စစ်ကောင်စီရေယာဉ်များရှိနေစဉ် ပြည်သူပိုင်မော်တော်ရေယာဥ်များအနေဖြင့် ချင်းတွင်းမြစ်အတွင်း မောင်းနှင်သွားလာခြင်း မပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

(ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်ကောင်စီရေယာဉ်သင်္ဘောအုပ်စုအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်ကောင်စီရေယာဉ်သင်္ဘောအုပ်စုအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်ပြီး မင်းကင်းမြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီရေယာဥ်အုပ်စု ရိက္ခာပြတ်တောက်နေပြီး မြစ်ကမ်းဘေးရှိ ကျေးရွာအချို့အား စစ်ကြောင်းထိုး ရိက္ခာစုဆောင်းနေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်သင်္ဘောရေယာဉ် ငါးစီးပါ စစ်ကြောင်းသည် မင်းကင်းမြို့နယ်အတွင်း ဩဂုတ် ၁၅ရက်တွင် ဝင်ရောက်လာပြီး ဩဂုတ် ၁၉ရက်တွင် ထမောင်း၊တောင်ပတ်နှင့် အူကျေးရွာတို့ကို ဝင်ရောက်စစ်ကြောင်းထိုးနေကြောင်း မင်းကင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“ဝင်လာတဲ့ စစ်ကြောင်းမှာ ရိက္ခာပြတ်တယ်လို့ ကြားတယ်။ လူဦးရေးလည်းများတယ်။ သင်္ဘောပေါ်ကဆင်းပြီး စစ်ကြောင်းထိုးပြီး ရိက္ခာစုနေတယ်”ဟု အထက်ပါ ထောက်ပို့ရဲဘော်ကပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် အထက်ပါ ကျေးရွာသုံးရွာမှ ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးနေကြရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ မြေပြင်စစ်ကြောင်းများမှာလည်း ယနေ့(ဩဂုတ် ၂၀ရက်)အထိ ရှိနေသေးကြောင်းသိရသည်။

မင်းကင်းမြို့နယ်သို့ရောက်နေသော စစ်ကောင်စီရေယာဉ်အုပ်စုသည် ယင်းမာပင်နှင့် ကနီးမြို့နယ် ဖြတ်ကျော်စဉ် ရေကြောင်းမှရော ကုန်းကြောင်းမှပါစစ်ကြောင်းထိုးခဲ့သည်။ အင်အား ၃၀၀ခန့်ပါပြီး စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာကြောင်း၊ ကလေးဝမြို့အထိ ဆန်တက်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ထားသည်။

စစ်ကောင်စီရေယာဉ်များရှိနေစဉ် ပြည်သူပိုင်မော်တော်ရေယာဥ်များအနေဖြင့် ချင်းတွင်းမြစ်အတွင်း မောင်းနှင်သွားလာခြင်း မပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။