Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ်တွင် စစ်ကောင်စီတပ်ကို PDFပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်

စစ်ကောင်စီစစ်ကြောင်းကို သရက်ခရိုင်ပြည်သူ့ကာကွယ်ရေး အမှတ်(၄)တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)နှင့် လွတ်မြောက်ရေးအင်အားစု စစ်သည်တော်များတပ်ဖွဲ့(WOLF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

(သရက်ခရိုင်ပြည်သူ့ကာကွယ်ရေး အမှတ်(၄)တပ်ရင်းမှ ရဲဘော်များအား တွေ့ရစဥ်)
(သရက်ခရိုင်ပြည်သူ့ကာကွယ်ရေး အမှတ်(၄)တပ်ရင်းမှ ရဲဘော်များအား တွေ့ရစဥ်)

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး အထိအခိုက်များပြားခဲ့ကြောင်း သရက်ခရိုင်ပြည်သူ့ကာကွယ်ရေး အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဩဂုတ် ၂၃ရက်)က မင်းတုန်းမြို့နယ်၊ ကြို့ဝကျေးရွာနှင့် ရွာသစ်ကျေးရွာအကြားစစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို သတင်းအရ စောင့်ကြိုကာ မိုင်းဆွဲပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သရက်ခရိုင်ပြည်သူ့ကာကွယ်ရေး အမှတ်(၄)တပ်ရင်းသတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။

” တိုက်ပွဲကတော့ မြိုင်တယ်။ စစ်တပ်စစ်ကြောင်းက PDFတွေ ရှိတယ်ဆိုပြီး ဝင်လာတာ။ ဒီဘက်က သတင်းရပြီး လမ်းကစောင့်‌တိုက်တာ”ဟု မင်းတုန်းမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲမှာ ၃နာရီခန့်အထိ နှစ်ဖက် အပြင်းအထန် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးထက်မနည်းသေဆုံးပြီး ထို့ထက်ပိုနိုင်ကြောင်း သရက်ခရိုင်ပြည်သူ့ကာကွယ်ရေး အမှတ်(၄) တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုကို လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီစစ်ကြောင်းကို သရက်ခရိုင်ပြည်သူ့ကာကွယ်ရေး အမှတ်(၄)တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)နှင့် လွတ်မြောက်ရေးအင်အားစု စစ်သည်တော်များတပ်ဖွဲ့(WOLF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရွာသစ်ကျေးအတွင်း ဝင်ရောက်ပြီး အရပ်သား ပြည်သူငါးဦးကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ထိစပ်ဒေသများကို စစ်ကြောင်းထိုးနေပြီး ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း ဧရာဝတီတိုင်း၊ ကြံ့ခင်းမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။