Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့အခြေစိုက် ခလရ(၆၁)ကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်

တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်းချေမှုန်းရေးတပ်ခွဲနှင့် ဒေါနစစ်ကြောင်းလက်နက်ကြီးတပ်စု၊ ပူးပေါင်းတပ်ဖွဲ့များက ရန်သူအားလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲချိန် ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ရေးမြို့အခြေစိုက် ခလရ(၆၁)ကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်
မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့် ပူးပေါင်းတပ်ဖွဲ့များ စစ်ဆင်ရေးပြုလုပ်နေစဥ်။ ဓာတ်ပုံ - MSRF

ကျော်ဇော/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ(၆၁)ကို မဟာမိတ်ပူးပေါင်းတပ်များနှင့်အတူ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က အသိပေးထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ ၂)နံနက် ၉နာရီခန့်က ရေးမြို့အခြေစိုက် ခလရ(၆၁)သို့ အင်အား ၁၀၀ခန့်အင်အားထပ်မံဖြည့်တင်းသည်ဟု သတင်းရသဖြင့် ဒေါနစစ်ကြောင်း၏ ဦးဆောင်မှုနှင့် MSRF ၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF)၊ABSDF တပ်ရင်း (၁)၊ KNLAတပ်ရင်း (၂၇)တို့နှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်စခန်းနေရာများအား စစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။
“တပ်ရွေ့လျားစဉ်မှာ စခန်းကို လက်နက်ကြီးနဲ့ပစ်ပြီးတိုက်ခဲ့တာပါ။ ရင်ဆိုင်တိုက်ပွဲမဖြစ်ခဲ့ဘူး။စကစတပ်တွေက လက်နက်ကြီး သုံးလုံးနဲ့ပြန်ပစ်ခဲ့ပါတယ်”ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်းချေမှုန်းရေးတပ်ခွဲနှင့် ဒေါနစစ်ကြောင်းလက်နက်ကြီးတပ်စု၊ ပူးပေါင်းတပ်ဖွဲ့များက ရန်သူအားလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲချိန် ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ရန်သူ့ဘက်မှ လူနာတင်ယာဉ် နှစ်စီးဖြင့် ထိခိုက်ဒဏ်ရာရသူများ သယ်ထုတ်သွားရကြောင်း အခိုင်အမာသတင်းရရှိသော်လည်း ရန်သူထိခိုက်သေဆုံးမှုစာရင်းအတိအကျအား အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း MSRF က အသိပေးသည်။

အထက်ပါ တိုက်ခိုက်မှုတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များဘက်မှ အထိအခိုက်အကျအဆုံး လုံးဝမရှိဘဲ အောင်မြင်စွာစစ်ရေးဖော်ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်ကလည်း ရေးမြို့နယ်အခြေစိုက် အမှတ် (၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ – ၁၉)နှင့် ခလရ(၆၁)တို့ကို မွန်-တနင်္သာရီပူး ပေါင်းစစ်ဆင်ရေးအဖြစ် SF-Z မောင်းသူမဲ့ယာဥ်ငယ်များဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဗုံးကြဲတိုက်ခိုက်ခဲ့​သေးသည်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့် ပူးပေါင်းတပ်ဖွဲ့များ စစ်ဆင်ရေးပြုလုပ်နေစဥ်။ဓာတ်ပုံ – MSRF

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ