Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါနယ် ရေနံမြေရဲကင်းတိုက်ခိုက်မှု ရဲမှူးအပါအဝင် ခြောက်ဦးသေဟုဆို

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို ယမန်နေ့( စက်တင်ဘာ၁၂ရက်) ညနေက အတည်ပြုနိုင်ခြင်းဟု တိုက်ခိုက်မှုတွင်ပါဝင်သော ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက People’s Spring ကို ပြောသည်။

ရေနံမြေရဲကင်းတိုက်ခိုက်မှုအတွင်း သေဆုံးနေသော စစ်ကောင်စီတပ်မှ အရာရှိဟုယူဆရသူဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

သရဖူ/People’s Spring

မကွေးတိုင်း၊ ဂန်ဂေါမြို့နယ်ရှိ ရေနံမြေရဲကင်းအား ပြည်သူ့ကာကွယ်ရေးရဲဘော်များက စက်တင်ဘာ ၇ရက် ညနေကတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်အတွင်း ရဲမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးကြောင်း နောက်ဆက်တွဲ သတင်းရရှိသည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းနယ်စပ်တွင်ရှိသည့် ဂန်ဂေါမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ရေနံမြေရဲကင်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်လေးဖွဲ့က စက်တင်ဘာ ၇ရက် ညနေ ၄နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို ယမန်နေ့( စက်တင်ဘာ၁၂ရက်) ညနေက အတည်ပြုနိုင်ခြင်းဟု တိုက်ခိုက်မှုတွင်ပါဝင်သော ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက People’s Spring ကို ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“သူတို့တွေ ကျောသင်္ချိုင်းမှာ အမိန့်ပြန်သွားတယ်။ရဲမှူးကသေမှာ အရမ်းကြောက်တာတဲ့။ ဘုရားတရားလည်း အရမ်းလုပ်တာ။ သူက တာဝန်မထမ်းဆောင်ချင်ဘူး။ အထက်ကို ကြောက်လို့ ရဲထဲကမထွက်သေးတာ”ဟု သတင်းပေး၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါ ရဲဘော်က ဆိုသည်။

ရေနံမြေရဲကင်း တိုက်ခိုက်မှုတွင် ရဲမှူးစိုးဝင်းဆိုသူအပါအဝင် ခြောက်ဦးသေဆုံးခဲ့ခြင်းဟု သိရသည်။

” ကျွန်တော်တို့ (၄၀)မမ နှစ်လုံးပစ်ခဲ့တယ်။ ချက်ကောင်းထိလို့ အကျများတာနေပါမယ်။ သူတို့ဘက်က ထိခိုက်မှုသတင်းကို နောက်ကျမှ သိရတာ။ အဲ့ဒီနေ့က (၄၀)မမ ငါးလုံးယူသွားတာ။ နှစ်လုံးချခဲ့တယ်”ဟု ယင်းမာပင်ခရိုင်တပ်ရင်း(၁၂)ထောက်ပို့တာဝန်ခံ ကိုနေမင်းက ပြောသည်။

နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး သေဆုံးစစ်ကောင်စီ အရာရှိတစ်ဦးထံမှ ပတ္တမြားပါလက်စွပ်တစ်ကွင်းကို ကာကွယ်ရေးရဲဘော်များက သိမ်းယူနိုင်ခဲ့သည်။ ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်လာနိုင်ခဲ့သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် M.V.P Revolution Force က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို M.V.P Revolution Force၊Royal Seven PDF ၊ ယင်းမာပင်ခရိုင်တပ်ရင်း(၇)နှင့် ယင်းမာပင်ခရိုင်တပ်ရင်း(၁၂)တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ