Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောအုပ်စု နှစ်စုရှိနေ

စက်တင်ဘာလဆန်းက ဆားလင်းကြီးမြိုနယ်အတွင်း ဝင်ရောက်လာပြီး အထက်ဆန်တက်ခဲ့သော ရေယာဉ် ၁၁စီးပါစစ်သင်္ဘောအုပ်စုသည် ဆားလင်းကြီး၊ မုံရွာ၊ ယင်းမာပင်နှင့် ကနီမြို့နယ်များကိုဖြတ်ကာ ယမန်နေ့(စက်တင်ဘာ ၁၃ရက်) တွင် မင်းကင်းမြို့သို့ ရောက်ရှိနေသည်။

ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်အတိုင်းအထက်ဆန်တတ်လာသော စစ်သင်္ဘောအုပ်စုအား စက်တင်ဘာ ၂ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

အမရာ/People’s Spring

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောအုပ်စု နှစ်စုရှိနေ၍ ဒေသခံပြည်သူများအနေဖြင့် ယခုရက်သတ္တပတ်အတွင်း စစ်ရေးအထူးသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

စက်တင်ဘာလဆန်းက ဆားလင်းကြီးမြိုနယ်အတွင်း ဝင်ရောက်လာပြီး အထက်ဆန်တက်ခဲ့သော ရေယာဉ် ၁၁စီးပါစစ်သင်္ဘောအုပ်စုသည် ဆားလင်းကြီး၊ မုံရွာ၊ ယင်းမာပင်နှင့် ကနီမြို့နယ်များကိုဖြတ်ကာ ယမန်နေ့(စက်တင်ဘာ ၁၃ရက်) တွင် မင်းကင်းမြို့သို့ ရောက်ရှိနေသည်။

အဆိုပါ စစ်သင်္ဘောအုပ်စုသည် ဆားလင်းကြီး၊ မုံရွာ၊ ယင်းမာပင်နှင့် ကနီမြို့နယ်များတွင် မြစ်ကမ်းဘေးရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဆန်တက်သွားခြင်းဖြစ်သည်။ မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်သင်္ဘောအုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း တိုက်ခိုက်ခဲ့ကြသည်။

ပြီးခဲ့သည့် ဩဂုတ်က အထက်သို့ဆန်တက်သွားသော စစ်သင်္ဘောအုပ်စုသည် ဟုမ္မလင်းမြို့မှ ပြန်လှည့်လာပြီး ဖောင်းပြင်မြို့ကို ဖြတ်ပြီးနောက် ယနေ့ညနေတွင် မော်လိုက်မြို့သို့ ဝင်ရောက်လာပြီဟု သတင်းရရှိသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်သင်္ဘောအုပ်စုတွင် စစ်သင်္ဘော ငါးစင်းပါဝင်ပြီး ကျောက်စိမ်းများတင်ဆောင်လာကြောင်း သတင်းရရှိသည်။

” ဒီရက်ထဲမှာ အစုန်ရော၊ အဆန်ရော သင်္ဘောအုပ်စုရှိနေတယ်။ ညနေကလည်း ဂျက်ဖိုက်တာပတ်ပျံပြတယ်။မြစ်ကမ်း‌ဘေးဒေသခံတွေကို သတိပေးနေပါတယ်”ဟု ကနီမြို့မှပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဉီးက ပြောသည်။

ယနေ့ညနေ ၆နာရီခန့်က ယင်းမာပင်နှင့် ကနီမြို့နယ်တို့တွင် စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီး ငါးကြိမ်အထိ ပျံသန်းသွားခဲ့သည်။

“နိမ့်နိမ့်လေး ပျံသွားတာ။ လှမ်းပစ်ရင်ရတဲ့အထိ နိမ့်တယ်။ ရွာတွေကို ဗုံးကြဲသွားမှာစိုးလို့ မပစ်တာ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဉီးက ပြောသည်။

အထက်သို့ဆန်တက်သွားသော စစ်သင်္ဘောအုပ်စုသည် မင်းကင်းမြို့ကို ကျော်ပါက ကလေးဝ၊ မော်လိုက်နှင့် ဖောင်းပြင်မြို့သို့ရောက်ရှ်ိမည်ဖြစ်သည်။ ဆုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုသည် ‌မော်လိုက်မြို့ကို ကျော်ပါက ကလေးဝ၊မင်းကင်းနှင့် ကနီမြို့များသို့ ရောက်ရှိှိည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။