Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောအုပ်စုက ပစ်ခတ်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

ရေယာဥ်အုပ်စုသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့သို့ ရောက်ရှိလာခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောသည်။

(ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)
(ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဆင်ဖြူရှင်တံတားမှ အထက်သို့ဆန်တ​က်လာသော စစ်သင်္ဘောအုပ်စုက မြစ်ဘေးရှိ ကျေးရွာများအား ပစ်ခတ်နေ၍ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းရရှိသည်။

ယနေ့ (စက်တင်ဘာ ၃၀ရက်) နံနက် ၈နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအင်အား ၁၀၀ခန့် တင်ဆောင်လာသော စစ်သင်္ဘောတစ်စီးနှင့် ဖလက်ခွံရေယာဥ် ၈စီးသည် ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်လာခဲ့ကြောင်း မုံရွာ – အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ပြောသည်။

(ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)
(ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)

အဆိုပါ ရေယာဥ်များပေါ်ပါ စစ်ကောင်င်္စတပ်က လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်နေ၍ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“တအားကို ပစ်​တယ်။ လေးစီးမြောက်က အမြှောက်ပါတယ်။ လတ်နတ်ကြီးနဲ့ပစ်ပြီး ဆန်လာတာပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ရေယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သည် ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးကျေးရွာအတွင်း ဝင်ရောက် ဖျက်ဆီးသွားကြောင်း သိရသည်။

ရေယာဥ်အုပ်စုသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့သို့ ရောက်ရှိလာခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောသည်။

(ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)
(ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)

လမ်းတလျှောက်တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ထိခိုက်မှုများရှိနိုင်ပြီး အသေးစိတ်မသိရသေးဟု ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

ထို့ကြောင့် မြစ်ကမ်းဘေးနေပြည်သူများအနေဖြင့် ဂရုစိုက်နေထိုင်ရန်ကြနှင့် ခိုင်မာသော အကာအကွယ်များမရှိပါက ဘေးလွတ်ရာသို့ ခေတ္တရွှေ့ပြောင်းနေထိုင်ကြပါရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းကလည်း အလုံမင်းဒေါင့်ဆိပ်ကမ်းမှစုန်ဆင်းလာသော စစ်ကောင်စီ၏ ရေယာဥ် ၁၅ စီးအား ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အာဂျင်တီးနား ရေပိုင်နက်ထဲ ဗြိတိန် စစ်သင်္ဘောတစ်စီး ချဉ်းနင်း ဝင်ရောက်ခဲ့ကြောင်း ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာ အာဂျင်တီးနားက အင်္ဂလန်ကို အနိုင်ယူခဲ့ပြီး နာရီပိုင်း အကြာမှာပဲ အာဂျင်တီးနားက စွပ်စွဲခဲ့ပါတယ်။