Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ၎င်းဝန်ထမ်းတွေများကို တစ်လကျပ်သုံးသောင်း အပို​ထောက်​ပံ့​ကြေး​ပေးမည်ဟုဆို

လက်ရှိတွင် ကုန်ဈေးနှုန်းကြီးမြင့်ပြီး ပေါ်ကျွဲဆန်တစ်အိတ်ကို ကျပ် ၁၁၀,၀၀၀၊ စားအုန်းဆီ တပိဿာကို ကျပ် ၁၀၀၀၀ ကျော်ရှိနေချိန်တွင် စစ်ကောင်စီက ဝန်ထမ်းအားလုံးကို ကျပ် ၃၀၀၀၀ လစဉ်ထောက်ပံ့ခြင်းသည် ထိရောက်မည်မဟုတ်ကြောင်း ပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။

(စစ်​ကောင်စီ ရဲ​မေများကို စစ်​ရေးပြအခမ်းအနားတစ်ခုတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-AP)
(စစ်​ကောင်စီ ရဲ​မေများကို စစ်​ရေးပြအခမ်းအနားတစ်ခုတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-AP)

▪︎ဆန်လေးပြည်နှင့် ဆီတစ်ပိဿာဖိုးသာရှိသည်ဟု CDMဝန်ထမ်းတစ်ဦးပြော

စစ်ကောင်စီက ၎င်းလက်အောက်ခံတပ်သားများနှင့် Non-CDMဝန်ထမ်းကို တစ်လလျှင် ကျပ် ၃၀၀၀၀ အပို​ထောက်ပံ့​ကြေးအဖြစိပေးမည်ဟု ယနေ့(စက်တင်ဘာ၃၀)ထုတ်ပြန်သည်။

နိူင်ငံတစ်ဝန်း ခုခံတွန်းလှန်စစ်ပွဲများနှင့်ရင်ဆိုင်​နေရပြီး စစ်အင်အားပြုန်းတီး စိတ်ဓာတ်ကျဆင်းနေသည့် စစ်သားများနှင့် ဖိအားမျိုးစုံရင်ဆိုင်နေရသည့် NOn-CDMဝန်ထမ်းများအားလုံးကို တစ်ဦးလျှင် စစ်ကောင်စီက တစ်လကျပ် သုံးသောင်းဖြင့် နှစ်သိမ့်လိုက်ခြင်းဖြစ်သည်ဟု CDMဝန်ထမ်းများကဆိုသည်။

လက်ရှိတွင် ကုန်ဈေးနှုန်းကြီးမြင့်ပြီး ပေါ်ကျွဲဆန်တစ်အိတ်ကို ကျပ် ၁၁၀,၀၀၀၊ စားအုန်းဆီ တပိဿာကို ကျပ် ၁၀၀၀၀ ကျော်ရှိနေချိန်တွင် စစ်ကောင်စီက ဝန်ထမ်းအားလုံးကို ကျပ် ၃၀၀၀၀ လစဉ်ထောက်ပံ့ခြင်းသည် ထိရောက်မည်မဟုတ်ကြောင်း ပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။

“အခြေခံဝန်ထမ်းတစ်ဦးက တလကျပ် ၁၄၀,၀၀၀လောက်ပဲရနေချိန်မှာ ဆန်တအိမ်ကို ကျပ် တစ်သိန်းကျော်ဆိုတော့ Non-CDM ဝန်ထမ်းလုပ်သူတွေ အတော်အကျပ်အတည်းကျနေတာပေါ့။ ဒါကို ၃သောင်းနဲ့ အချိုသတ်လိုက်တာပဲ။ ဒါက ဆန် ၄ ပြည်ဖိုးနဲ့ ဆီ တစ်ပိဿာဖိုးရတာပေါ့”ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

ထိုကျပ်သုံးသောင်းသည် လစာအပြင် လစဉ်အပိုခံစားခွင့်ဖြစ်သည်ဟုလည်း စစ်ကောင်စီကဆိုထားသည်။

ထိုအပြင် ဌာနဆိုင်ရာမှ နေ့စားဝန်ထမ်းများကိုလည်း တရက်လျှင် ကျပ် ၁၀၀၀အပိုဆောင်းမည်ဟုလည်း စစ်ကောင်စီက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။