Connect with us

Hi, what are you looking for?

News

ဒေါ်လာရောင်းဝယ်မှုနှင့်ပတ်သက်ပြီး အာဏာသိမ်းခေါင်းဆောင်ညွန်ကြားချက်ထုတ်

နိုင်ငံအတွင်း ဒေါ်လာလိုအပ်ချက်မြင့်မားလာပြီး ဒေါ်လာဈေးမြင့်တက်လာချိန်တွင် ဒေါ်လာလက်ဝယ် ကိုင်ထားသူများကို တင်းကြပ်ရန် ယခုကဲ့သို့စီစဉ်ခြင်းဖြစ်သည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများက ပြောသည်။

အမေရိကန်ဒေါ်လာနှင့်ပတ်သက်ပြီး စစ်ကောင်စီဗဟိုဘဏ်၏ညွန်ကြားချက်များကို မလိုက်နာလျှင်ထောင် ဒဏ် တစ်နှစ်ချမှတ်ရန် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမူဥပဒေကို ယနေ့(အောက်တိုဘာ ၆ ရက်)တွင်ပြင်ဆင်လိုက်သည်။

နိုင်ငံအတွင်း ဒေါ်လာလိုအပ်ချက်မြင့်မားလာပြီး ဒေါ်လာဈေးမြင့်တက်လာချိန်တွင် ဒေါ်လာလက်ဝယ် ကိုင်ထားသူများကို တင်းကြပ်ရန် ယခုကဲ့သို့စီစဉ်ခြင်းဖြစ်သည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများက ပြောသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် ပြင်ဆင်လိုက်သည့် ဥပဒေတွင် ဗဟိုဘဏ်က ထုတ်သမျှစည်းကမ်းနှင့် ညွန့်ကြားချက်များမလိုက်နာပါက ဖမ်းဆီးနိုင်သည့် အနေအထားဖြစ်သည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

ပြင်ဆင်ထားသည့် ဥပဒေတွင် တားမြစ်ချက်များကို မလိုက်နာပါက ထောင်ဒဏ်တစ်နှစ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်မည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“သူတို့ ထုတ်သမျှ အမိန့်တွေ၊ ညွန့်ကြားချက်တွေကို မဖြစ်မနေလိုက်နာရမယ် ၊ မလိုက်နာရင် ဖမ်းမယ်သဘောပေါ့”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၂၀၁၅ ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပြဌာန်းထားသည့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမူဥပဒေတွင် သတ်မှတ်ထားသည့် ညွန့်ကြားချက်များကို မလိုက်နာပါက အရေးယူမည် ပြစ်ဒဏ်များကို ရှင်းရှင်းလင်းလင်းထုတ်ပြန်ထားသည်။

ယခင် ဥပဒေတွင် တားမြစ်ချက် ၈ခုရှိပြီး ၎င်းတို့အနက် အများပြည်သူနှင့်သက်ဆိုင်သော တားမြစ်ချက် မှာ ၅ချက်ရှိသည်။

၎င်းတို့မှာ လိုင်စင်မရှိဘဲနိုင်ငံခြားငွေရောင်းဝယ်ခြင်း၊ သတ်မှတ်ထားသည့် စည်းကမ်းတိုင်းမဟုတ်ဘဲ နိုင်ငံခြားငွေ၊ ရွှေနှင့်လက်ဝတ်ရတနာများနိုင်ငံပြင်ပသယ်ဆောင်ခြင်း၊ ပို့ကုန်ရငွေများ သတ်မှတ်ကာလအတွင်း ပြည်တွင်းဘဏ်စာရင်းကို ပြောင်းရွှေ့ရခြင်း၊ သတ်မှတ်ချက်အတိုင်းမဟုတ်ဘဲ ငွေလုံးငွေရင်းလွဲပြောင်းခြင်းနှင့် ပြည်ပနိုင်ငံများအတွက် ချေးငွေလက် မှတ်များထုတ်ပေးခြင်းတို့ဖြစ်သည်။

ပုဒ်မ ၄၁ တွင် ငွေလဲကောင်တာနှင့်ဘဏ်များအတွက် စည်းမျဉ်းများ၊စည်းကမ်းများနှင့် ညွန့်ကြားချက်နှင့် အမိန့်များကိုပါ လိုက်နာရမည်ဟု ဆိုထားသည်။

ယခုအကြမ်းဖက်စစ်ခေါင်းဆောင်က ထိုတားမြစ်ချက်များကို အများပြည်သူအတွက်ပါ အမိန့်နှင့်ညွန့်ကြားစာထုတ်ပြန်နိုင်ရန် ပြောင်းလဲသတ်မှတ်လိုက်ခြင်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက ကာကွယ်ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

သူ့လက်မှတ် ပါဝင်လာတဲ့ အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူပုံကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြခဲ့ပါတယ်။