Connect with us

Hi, what are you looking for?

News

ပဲခူးမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်၍ ရာအိမ်မှူးတစ်ဦးဒဏ်ရာရ

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ မှော်ကန် (၁) လမ်းကျောင်းရှေ့၊ ပုဏ္ဍားစုကျောင်းရှေ့နှင့်ပန်းလှိုင်တာပေါ် တို့တွင် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

People's Spring
People's Spring

ပဲခူးမြို့တွင် ယနေ့(အောက်တိုဘာ ၆ ရက်)ညနေ၅နာရီကျော်က ဗုံးပေါက်ကွဲမှုဖြစ်၍ ပုဏ္ဍားစုရပ်ကွက် (၇)လမ်းနေ ရာအိမ်မှူးကိုကျော် ခြေထောက်ဗုံးစ ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရာအိမ်မှူးကိုကျော် အိမ်နားမှာ ဗုံးပေါက်တာပါ။ အုန်းခနဲအသံအကျယ်ကြီး ကြားလိုက်ရတယ်။ ကိုကျော်ရဲ့ ခြေထောက်ကို ဗုံးစတွေထိမှန်သွားတယ်လို့ သိရပါတယ်။ အခုတော့ ပဲခူးဆေးရုံကို ခေါ်သွားပါပြီ။ သူက ရပ်ကွက်ရာအိမ်မှူးဆိုပြီး စစ်ကောင်စီ သတင်းပေးဒလန် လုပ်နေတဲ့သူပါ။ ပြည်သူတွေကိုလည်း အတင်းဧည့်စာရင်းတိုင်ခိုင်းတာတွေ၊ ဧည့်စာရင်းကြေးဆိုပြီး ပိုက်ဆံတောင်းတာတွေလည်း လုပ်ပါတယ် “ဟု အခင်းဖြစ်ပွားရာ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ မှော်ကန် (၁) လမ်းကျောင်းရှေ့၊ ပုဏ္ဍားစုကျောင်းရှေ့နှင့်ပန်းလှိုင်တာပေါ် တို့တွင် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်ကလည်း ပဲခူးမြို့ ပန်းခြံကုန်းရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အုပ်ကြီးနှင့် ဧည့်စာရင်းလာတိုင်သူနှစ်ဦး ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ ဒီနေ့ တစ်ရက်တည်းမှာ ဗုံးပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ စန်ကြီးလောင့်ကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မှူးတဦးကို သွား ရောက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ ၄က တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

ပဲခူးမြို့၊ဟံသာဝတီမြို့ရိုးတူးဖော်ရေးမှာ ရှေ့ဟောင်းဇုန်နဲ့မလွတ်ကင်းတဲ့ နေအိမ်အဆောက် အအုံတွေ ဖယ်ရှားရှင်းလင်းမယ့်ကိစ္စကို စစ်ကောင်စီက နှုတ်မိန့်နဲ့ သီတင်းကျွတ်အထိ ရွှေ့ ဆိုင်းပေးထားတယ်လို့ အဲဒီမြို့ခံပြည်သူတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးရဲဘော်များကို လက်ပစ်ဗုံးဖြင့် လက်ဦးမှုယူပစ်ခတ်သည့် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။