Connect with us

Hi, what are you looking for?

သတင်း

စာသင်​နေ​သောက​လေးငယ်များ ​လေ​ကြောင်းမှတိုက်ခိုက်ခံရပြီး​နောက် စစ်​ကောင်စီကိုလက်နက်​ရောင်းချမှုရပ်တန့်​ပေးရန်အပါအဝင်အချက် ၄ ချက်ကိုနိုင်ငံတကာထံ​တောင်းဆို

စစ်ကောင်စီအား ထိထိရောက်ရောက်အရေးယူပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက တောင်းဆိုနေပြီးယခုအခါမြေပြင်မှဝန်ထမ်းတစ်ဦးကထပ်မံတောင်းဆိုခြင်း ဖြစ်သည်။

စစ်အုပ်စုအားအရေးယူနိုင်မည့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့်တစ်နိုင်ငံချင်းတရားစွဲဆို အရေးယူမှုကြိုးပမ်းပေးရန် NUG တောင်းဆို
စစ်အုပ်စုအားအရေးယူနိုင်မည့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့်တစ်နိုင်ငံချင်းတရားစွဲဆို အရေးယူမှုကြိုးပမ်းပေးရန် NUG တောင်းဆို

▪︎က​​လေးငယ်များ စိတ်ဒဏ်ရာရ​နေပြီး ​ကျောင်းသွားရန်​ကြောက်​နေကြ

ကလေးငယ်များ စာသင်ကြားနေသည့် စာသင်ကျောင်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသို့ လက်နက်တင်ပို့ရောင်းချမှုကို ရပ်တန့်ပေးရန် အပါအဝင် အချက်လေးချက်ကို စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှ ကျန်းမာရေးဝန်ထမ်း ဆရာမတစ်ဦးက နိုင်ငံတကာသို့ တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ရက်ကဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာ၊ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမ ဘုန်းတော်ကြီး စာသင်ကျောင်းအား စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကို အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ online မှတဆင့် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်မြေပြင်မှ ကျန်းမာရေးဝန်ထမ်းဆရာမ ဒေါ်ဝင်းဝင်းက အထက်ပါအတိုင်း တောင်းဆိုခြင်းဖြစ်သည်။

“ကျွန်မအနေနဲ့ နိုင်ငံတကာကို တောင်းဆိုလိုတဲ့ အချက်လေး (၄) ချက်ရှိပါတယ်ရှင့်” ဟု ပြောရင်းနိုင်ငံတကာမှ စစ်ကောင်စီသို့ လက်နက်တင်ပို့ရောင်းချမှုကို ရပ်တန့်ပေးရန်၊ နိုင်ငံတကာအဖွဲ့အစည်းများ UN အပါအဝင် အိမ်နီးနားချင်း ASEAN နိုင်ငံများအနေဖြင့် Humanitarian Principles များကို လိုက်နာပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို လိုအပ်သူများထံတိုက်ရိုက်ရောက်ရှိအောင်ဆောင်ရွက်ပေးရန်၊စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များအတွက်တရားမျှတမှုကိုဖော်ဆောင်ပေးရန် နှင့်အလားတူ ဖြစ်ရပ်ဆိုးများထပ်မံမဖြစ်လာစေရေး နိုင်ငံတကာမှ ကူညီပေးရန် တောင်းဆိုခြင်းဖြစ်သည်။

(ဒဏ်ရာရခဲ့​​သောက​လေးငယ်များထဲမှ အချို့ ၊ ဒဏ်ရာရက​လေးငယ်များအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်)
(ဒဏ်ရာရခဲ့​​သောက​လေးငယ်များထဲမှ အချို့ ၊ ဒဏ်ရာရက​လေးငယ်များအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်)

စစ်ကောင်စီအား ထိထိရောက်ရောက်အရေးယူပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက တောင်းဆိုနေပြီးယခုအခါမြေပြင်မှဝန်ထမ်းတစ်ဦးကထပ်မံတောင်းဆိုခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အထက်ပါစာသင်ကျောင်းအား တိုက်ခိုက်မှုတွင် ကလေးငယ် ၂၁ဦး၊ ဆရာမ ၁ ဦး ဒဏ်ရာရခဲ့ပြီး ကလေးငယ် ၇ ဦးသည် ကုသနေရဆဲဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။ ထို့အပြင် ကလေးငယ်များသည် စိတ်ဒဏ်ရာကြီးကြီးမားမားရရှိထားပြီး စစ်ကောင်စီအား ရွံရှာမုန်းတီးနေသည်ဟု ကလေးငယ်များအား စာသင်ကြားပေးနေသည့် ဆရာမ ဒေါ်မြမြက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ဒဏ်ရာရကလေးငယ်များသည် စိတ်ဒဏ်ရာရရှိ​နေကြပြီးကျောင်းမတက်ရဲတော့ကြောင်း ပြောသည်အထိ စိုးရိမ်ထိန့်လန့်နေကြောင်း ဆရာမဒေါ်ဝင်းဝင်းကပြောသည်။

ခေါင်းဒဏ်ရာရသွား‌ သောကလေးတစ်ဦးသည် သူ့အိမ်၌ နေ့စဉ်လုပ်နေကြဖြစ်သော ပလပ်ပေါက်အား မီးကြိုးထိုးခိုင်းသည်ကိုပင် မလုပ်ရဲတော့ဟု ရှင်းပြသည်။ ကလေးငယ်တစ်ဦးသည် နှစ်ညဆက် အိပ်မပျော်ခဲ့သလို ကျောင်းသွားရန်လည်း ငြင်းဆန်​နေ​သည်ဟုသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook