Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – မန္တလေးလမ်းပိုင်း ရွာသာကြီးရွာစစ်ကောင်စီတပ်စခန်း သုံးရက်အတွင်း နှစ်ကြိမ် တိုက်ခိုက်ခံရ

ရွှေဘို - မန္တလေးလမ်းမကြီးပေါ်ရှိ ရွာသာကြီးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းပိုင်း ရွာသာကြီးကျေးရွာရှိ စစ်ကောင်စီတပ် စခန်းအား သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်း Local PDFအဖွဲ့၏ တာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နှင့် ယမန်နေ့(အောက်တိုဘာ ၅ ရက်)က ရွာသာကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား လက်လုပ် (၆၀) မမ၊ (၁၂၀) မမ လက်နက်ကြီးများဖြင့် အလုံးရေ ၁၅ လုံး သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်း Local PDFအဖွဲ့၏ တာဝန်ခံက ပြောသည်။

“ထိခိုက်မှု သတင်းကတော့ တိတ်နေတယ်။အခုကြားထဲ ငြိမ်နေတယ်။ ဒါပေသိ ရွာသာကြီး လမ်းလေးဆုံကနေ ရွှေဘို – မန္တလေး လမ်းပေါ်ဆိုပါတော့ ကား​တွေ၊ ဆိုင်ကယ် ဆပ်ကြေးကောက်တာက နေ့စဥ်။ မထင်ရင်မထင်သလိုတောင်းတာ။ အနည်းဆုံး ငါးထောင်။ ဒါ ပြည်သူတွေက ပြောပြတာတွေ။”ဟု ကြောင်လက်သည်း Local PDFအဖွဲ့၏ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအား ကြောင်လက်သည်း Local PDF၊ မင်းသားကြီး Local PDF၊ Dynamite-2 Local PDF ၊ နန်းတက်မင်း Local PDFအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ရွာသာကြီးကျေးရွာတွင် စစ်ကောင်စီတပ် အင်အား ၇၀ခန့်ရှိပြီး ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်အတွင်းက ဆားတောင်မြို့ရှိ စစ်ကောင်စီတပ်နှင့်ပူးပေါင်းပြီး ရွှေဘို-မန္တလေးလမ်းမကြီးတလျှောက်ရှိ ကျေးရွာများအား ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။