Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့တိုက်ပွဲတွင် ချင်းတော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံး

ကျဆုံးခဲ့သည့် ရဲဘော်များမှာ ချင်းအမျိုးသာတပ်မတော်-CNA မှတစ်ဦးနှင့် CDF-Hualngoramမှ ရဲဘော်တစ်ဦးတို့ဖြစ်သည်ဟု သိရသည်။

(ကျဆုံးခဲ့​သောချင်း​တော်လှန်​ရေးရဲ​ဘော်နှစ်ဦး။ဓါတ်ပုံ-CJ)
(ကျဆုံးခဲ့​သောချင်း​တော်လှန်​ရေးရဲ​ဘော်နှစ်ဦး။ဓါတ်ပုံ-CJ)

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး အောက်တို့ဘာ ၁၂ ရက်တိုက်ပွဲတွင် ချင်းတော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း ​ဒေသခံသတင်းရင်းမြစ်များကပြောသည်။

ကျဆုံးခဲ့သည့် ရဲဘော်များမှာ ချင်းအမျိုးသာတပ်မတော်-CNA မှတစ်ဦးနှင့် CDF-Hualngoramမှ ရဲဘော်တစ်ဦးတို့ဖြစ်သည်ဟု သိရသည်။

“မနေ့က ရဲဘော်နှစ်ဦးကျတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်”ဟု ချင်းတော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်​​သေဆုံးမှုအ​ခြေအ​နေကိုမူ အတည်မပြုနိုင်ခြင်းမရှိသေးကြောင်းလည်း၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

(ကျဆုံးခဲ့​သောချင်း​တော်လှန်​ရေးရဲ​ဘော်နှစ်ဦး။ဓါတ်ပုံ-CJ)
(ကျဆုံးခဲ့​သောချင်း​တော်လှန်​ရေးရဲ​ဘော်နှစ်ဦး။ဓါတ်ပုံ-CJ)

စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ​အောက်တိုဘာ ၁၀ ရက်တွင်လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်များကြား ထို​နေ့မှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။ ယ​နေ့(​အောက်တိုဘာ ၁၃)တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်​တောက်​နေ၍ တိုက်ပွဲ ဖြစ်ပွားခြင်းရှိ ၊မရှိ ကိုမူ မသိရ​သေး​ပေ ။

စစ်ကောင်စီတပ်က အောက်တိုဘာ ၁၀ ရက် နေလည်ပိုင်းတွင် ထန်တလန်မြို့ကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် ၈ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က ထန်တလန်မြို့တွင်းရှိ ဆေးရုံနှင့် စာသင်ကျောင်းတိုကို ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်က အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ပြီး ​နေအိမ်များကို မီးရှို့​နေ​သောကြောင့် ဒေသခံပြည်သူများက မြို့ကိုစွန့်ခွာထွက်​ပြေးခဲ့ကြရသည်။ထို​နောက်ထန်တလန်မြို့ပေါ်တွင် CDF-ထန်တလန်နှင့် စစ်ကောင်စီတပ်တို့သာ မြို့တဖက်စီတွင် တပ်စွဲထားခြင်းဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးကပြောသည်။

ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် ၂၅ မိုင်သာ ဝေးသည့် ထန်တလန်တွင် ၂၀၂၁၊ စက်တင်ဘာ ၁၈ ရက်က မြို့ပေါ်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ထန်တလန်မြို့ကို စတင်မီးရှို့ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။