Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့သို့ ဦးတည်လာသည့်စစ်ကောင်စီတပ်ကိုချင်းပူး​ပေါင်းတပ် ပိတ်ဆို့ဟန့်တားထား

စစ်ကောင်စီတပ်သည် မေလကုန်ပိုင်း၌ လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ရယူပြီး ဟားခါးမြို့မှ ထန်တလန်သို့ ဦးတည်စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ လက်ရှိ အချိန်ထိ စစ်ရေး တင်းမာနေဆဲဖြစ်သည်။

(ဟားခါးနှင့် ထန်တလန်ကြားတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် ဟားခါးမြို့မြင်ကွင်း ။ဓါတ်ပုံ-The Chin Journal)
(ဟားခါးနှင့် ထန်တလန်ကြားတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် ဟားခါးမြို့မြင်ကွင်း ။ဓါတ်ပုံ-The Chin Journal)

▪︎တိုက်ပွဲကာလအတွင်း ချင်းပူးပေါင်းတပ်မှ ရဲဘော် ၁၇ဦးကျဆုံး၊ စစ်ကောင်စီတပ်မှ ၃၀ကျော်သေပြီး ၃၀ ခန့်ဒဏ်ရဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ​ပြော

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ဌာနချုပ်တည်ရှိရာ ထန်တလန်မြို့နယ်ကိုဦးတည်လာသည့်စစ်ကောင်စီတပ်စစ်ကြောင်းနှစ်ကြောင်းကို ချင်းပူးပေါင်းတပ်များက ပိတ်ဆို့ဟန့်တားထားရာ စစ်ကောင်စီတပ် ရှေ့ဆက်မတိုင်းနိုင်ဘဲဟားခါးမြို့နယ်အတွင်း၌ပင်ရှိနေကြောင်း CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

စစ်ကောင်စီတပ်သည် မေလကုန်ပိုင်း၌ လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ရယူပြီး ဟားခါးမြို့မှ ထန်တလန်သို့ ဦးတည်စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ လက်ရှိ အချိန်ထိ စစ်ရေး တင်းမာနေဆဲဖြစ်သည်။

(ဟားခါးနှင့် ထန်တလန်ကြားတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် ဟားခါးမြို့မြင်ကွင်း ။ဓါတ်ပုံ-The Chin Journal)
(ဟားခါးနှင့် ထန်တလန်ကြားတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် ဟားခါးမြို့မြင်ကွင်း ။ဓါတ်ပုံ-The Chin Journal)

“အခုက သူတို့ဟားခါးကနေစထွက်လာတဲ့နေရာမှာပဲ အခုထိတိုက်ပွဲ ကြိုကြားကြိုကြားဖြစ်နေတယ်။ သူတို့ ပြန်မဆုတ်ဘူး ရှေ့ဆက်ပြီး တိုးနိုင်ဖို့ ကြိုးစားနေတဲ့ အနေအထားမှာရှိတယ်။ ပြီးတော့ အရင် စစ်ကြောင်း နှစ်ကြောင်း တပ်လာတာ စစ်ကြောင်းတစ်ကြောင်းတည်း ပေါင်းပြီး လှုပ်ရှားနေတာပေါ့။ အခုထိတော့ ကျနော်တို့က အဲဒီမှာ အကုန်လုံး ပိတ်ထားတယ်။ သူတို့ရှေ့ဆက်မတိုးနိုင်တဲ့ အနေအထား။ လက်နက်ကြီးနဲ့ ပစ်တာတို့ ဘာတို့တော့ရှိတယ်” ဟု ဆလိုင်းထက်နီကပြောသည်။

Public Service Announcement
Public Service Announcement

မေလ ၂၉ရက်မှ လက်ရှိ အချိန်ထိတိုက်ပွဲများအတွင်း CNA ရဲဘော်များနှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ရဲဘော်များ စုစုပေါင်း ၁၇ဦးကျဆုံးခဲ့ပြီးဒဏ်ရာရသူ ၁၀ဦးကျော်ရှိခဲ့သည်ဟု ၎င်းက အသိပေးသည်။ တိုက်ပွဲအ​စောပိုင်းရက်တွင် လက်နက်ကြီးနှင့်​လေ​ကြောင်းတိုက်ခိုက်မှုတစ်ခုတွင် ချင်းပူး​ပေါင်းတပ်မှ ၁၂ ဦးကျဆုံးခဲ့ပြီး ထိုတစ်ရက်တည်းများခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးများပြားကြောင်း ဆလိုင်းထက်နီက ပြောသည်။

(ဟားခါးနှင့် ထန်တလန်ကြားတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် ဟားခါးမြို့မြင်ကွင်း ။ဓါတ်ပုံ-The Chin Journal)
(ဟားခါးနှင့် ထန်တလန်ကြားတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် ဟားခါးမြို့မြင်ကွင်း ။ဓါတ်ပုံ-The Chin Journal)

“ကျနော်တို့ သိရသလောက်တော့ ၃၀ ဒဏ်ရာနဲ့ဆေးရုံရောက်တယ်လို့ ကျနော်တို့ သိရတယ်။ ပြီးတော့ အကျအဆုံးလည်း သူတို့ဘက်မှာ သုံးဆယ်ကျော် တော့ အကျအဆုံးရှိတယ်လို့ သိရတယ်။ ကွန်ဖန်းမလုပ်နိုင်တာက မိုးက တအားရွာနေတယ်။ ရာသီဥတုက တအာင်းဆိုးဝါးနေတော့ ကျနော်တို့က သေချာမသိနိုင်ဘူး။ ဒါပေမဲ့ ၃၀ကျော်ကျနိုင်တယ်လို့ ခန့်မှန်းလို့ရတာပေါ့” ဟု၎င်းကဆိုသည်။

စစ်ကောင်စီတပ်သည် ထန်တလန်ရှိ တပ်ကုန်းသို့ အင်အားဖြည့်ပြီး ယင်းဒေသအား ပြန်လည်စိုးမိုးနိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်သည်ဟုသိရသည်။

(ဟားခါးနှင့် ထန်တလန်ကြားတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် ဟားခါးမြို့မြင်ကွင်း ။ဓါတ်ပုံ-The Chin Journal)
(ဟားခါးနှင့် ထန်တလန်ကြားတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် ဟားခါးမြို့မြင်ကွင်း ။ဓါတ်ပုံ-The Chin Journal)

“အဲဒါကြောင့် ကျနော်တို့ဘက်က သူတို့ စစ်ကူတွေမရောက်နိုင်အောင် ကို ပြန်ပြီးတော့ ချေမှုန်းနေတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က ပုံစံမျိုးစုံဖြင့် ဟားခါးမြို့သို့ စစ်အင်အားများ ဖြည့်တင်းခဲ့ပြီး အရပ်သားယာဉ်များတွင်ခရီးသည်ပုံစံလိုက်လာ၍စစ်အင်အားများ ဖြည့်တင်းခဲ့သဖြင့် ချင်းဒေသခံများမှ အပ ပြင်ပမှ လူများအားချင်းပြည်အတွင်းဝင်ရောက်ခြင်းမပြုရန်၊ အကယ်၍ဝင်ရောက်မည်ဆိုပါက PDF၊CDF တပ်ဖွဲ့များနှင့်ဆက်သွယ်ဆောင်ရွက်ရန် CNF/CANက ဇွန် ၈ ရက်တွင် ထုတ်ပြန်ထားသည်။

(ဟားခါးနှင့် ထန်တလန်ကြားတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် ဟားခါးမြို့မြင်ကွင်း ။ဓါတ်ပုံ-The Chin Journal)
(ဟားခါးနှင့် ထန်တလန်ကြားတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် ဟားခါးမြို့မြင်ကွင်း ။ဓါတ်ပုံ-The Chin Journal)

“လက်ရှိ အခြေအနေမှာ သူတို့ မိုးလည်းဝင်လာပြီဆိုတော့ စစ်ကောင်စီအနေနဲ့ ရှေ့ဆက်တိုးနိုင်ဖို့ သူတို့ဘက်က ပိုပြီးခက်သွားတယ်။ ဒါပေမဲ့ စစ်ရေးဆိုတာ ပြောလို့မရဘူး အမြဲတမ်းသတိအနေအထားနဲ့နေရမှာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်