Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက် မြေပြင်တွင်သက်ရောက်မှုမရှိဘဲ ထိုးစစ်ဆင်မှုပိုလုပ်လာဟု MNDAA ထုတ်ပြန်

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီ ဖက်မှမည်မျှထိခိုက်ကျဆုံး မှုအခြေအနေကို မသိရသော် လည်း ခုခံစစ်အတွင်း၌ MNDAA စစ်သည်တစ်ဦးကျဆုံးခဲ့ပြီး ၁ဦးဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ ထုတ်ပြန်သည့်အပစ်ရပ်ကြေ ငြာချက်သည် လက်တွေ့မြေပြင်တွင် သက်ရောက်မှုမရှိပဲ အောက်တိုဘာလအတွင်း၌လည်း စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာခဲ့ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လုပ်နေကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာ၍ အောက်တိုဘာ ၃ရက် မှ ၅ရက်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့မှုများကို MNDAAက ထုတ်ပြန်ခဲ့ရာ အထက်ပါအတိုင်း ထည့် သွင်းဖော်ပြခဲ့သည်။

MNDAAနှင့်စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ ၃ရက်က ကိုးကန့်ရှင့်ထန်ဒေသပေါက်ပေါက်ရွာတွင်ထိပ်တိုက်တွေ့ဆုံပြီးတိုက်ပွဲ ဖြစ်ပွားသကဲ့သို့ အောက်တိုဘာ၄ရက်တွင်လည်း မုံးကိုး လုံလောက်လန်းရွာတွင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၅ရက်တွင် နှစ်ဖက်တပ်များသည် ကိုးကန့်၊မုံးကိုး၊သိန္နီဒေသတို့၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဖြစ်စဉ်အသေးစိတ်ကို ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီ ဖက်မှမည်မျှထိခိုက်ကျဆုံး မှုအခြေအနေကို မသိရသော် လည်း ခုခံစစ်အတွင်း၌ MNDAA စစ်သည်တစ်ဦးကျဆုံးခဲ့ပြီး ၁ဦးဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၇ရက်တွင် ၅လ သက်တမ်းရှိ အပစ်ရပ်စဲရေးကြေညာချက်ကို ထပ်မံထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ယင်းသို့ ကြေညာချက်သည် နိုင်ငံရေးအရ လှည့်ကွက်အဖြစ် ဟန်ပြလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီက တော်လှန်ရေးအင်အားစုများအကြား သွေးခွဲသပ်လျှိုရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။