Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးတွင် တစ်ပတ်အတွင်း စစ်ကောင်စီခန့်အုပ်ချူပ်ရေးမှူး နှစ်ဦးအသတ်ခံရ

စဥ့်ကူးမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက်ကလည်း ငှက်စားကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံခဲ့ရသေးသည်။

စဥ့်ကူးတွင် တစ်ပတ်အတွင်း စစ်ကောင်စီခန့်အုပ်ချူပ်ရေးမှူး နှစ်ဦးအသတ်ခံရ
စဥ့်ကူးတွင် တစ်ပတ်အတွင်း စစ်ကောင်စီခန့်အုပ်ချူပ်ရေးမှူး နှစ်ဦးအသတ်ခံရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် တစ်ပတ်အတွင်း စစ်ကောင်စီခန့်အုပ်ချူပ်ရေးမှူး နှစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၂ ရက် နံနက် ၉ နာရီခွဲခန့်က စဥ့်ကူးမြို့နယ်၊ ရွှေဒုံးကျေးရွာ၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသက် (၆၀)ခန့်အရွယ် ဦးဗေဒါဆိုသူအား လူတစ်စုက လာရောက်သတ်သွားကြောင်း ဒေသခံများက ပြောသည်။

၎င်းသည် ကျေးရွာတွင်း၌ ပျူစောထီးသင်တန်းတက်ရန် လူစုဆောင်းခြင်း၊ စစ်တပ်ကို သတင်းပေးခြင်း၊ ကျွန်းပေါ်ရွာများ မီးရှို့ဖျက်ဆီးရန် စစ်တပ် လမ်းပြခေါ်ဆောင်လာခြင်း စသည့်လုပ်ရပ်များကြောင့် ပစ်ခတ်ရှင်းလင်းခံရခြင်းဖြစ်နိုင်ကြောင်း ကင်းထောက်မြေပြင်သတင်းအဖွဲ့(စဥ့်ကူး)က ဆိုသည်။

“ကျွန်းပေါ် တွေ စစ်ကြောင်းဝင်ရင် လမ်းပြ၊ ပျူစုဆောင်း ဒလန်အုပ်ကြီးပါ။ အဲ့ရွာက ပျူရွာဖြစ်တော့မှာ။ သင်တန်းတက်ထားတာ။ လက်နက်စောင့်နေကြတာ။”ဟု ကင်းထောက်မြေပြင်သတင်းအဖွဲ့(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စဥ့်ကူးမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက်ကလည်း ငှက်စားကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံခဲ့ရသေးသည်။

စဥ့်ကူးနယ်အတွင်း ပြည်သူနှင့်ပူးပေါင်းခြင်းမရှိသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီသတင်းပေးများ၊ ပျူစောထီးများ၏ စာရင်းများရရှိထားပြီး ဆက်လက်ရှင်းလင်းသွားမည်ဟု ​​​ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။