Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူအချို့အား လမ်းပြခေါ်ဆောင်ပြီးနောက် နှစ်ဦးကို သတ်ဖြတ်

အဆိုပါ စစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးများချကာ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပေါက်မြို့နယ်မှ ဒေသခံ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Pauk Newsletter)
(ထွက်ပြေးတိမ်းရှောင်နေရသော ပေါက်မြို့နယ်မှ ဒေသခံ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Pauk Newsletter)

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံပြည်သူအချို့အား လမ်းပြခေါ်ဆောင်ပြီးနောက် နှစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂၂ ရက် နံနက် ၅ နာရီခွဲခန့်က မြိုင်မြို့နယ်၊ အိုင်းမကျေးရွာမှ စစ်ကြောင်းသုံးကြောင်းဖြင့် ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ပေါက်မြို့နယ်အတွင်း ရောက်ရှိစစ်ကြောင်းထိုးစဥ် တောအတွင်း နေထိုင်သော အမျိုးသား ၆ဦးအား ဖမ်းဆီးကာ လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် အမျိုးသား ၆ဦးအနက် ရေခါးကျေးရွာမှ ဦးကျောက်ရွှေနှင့် မန်ကျည်းဂုဏ်ကျေးရွာမှ ဦးသန်းငွေတို့အား ၎င်းတို့ကျေးရွာအနီးတွင် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

“ဦးသန်းထွန်းနဲ့ ဦးကျောက်ရွှေတို့ နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို သူတို့ မိသားစုတွေက စစ်ကြောင်းနဲ့ နီးနေလို့ လာမသယ်နိုင်လို့ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်။”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်တပ်ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးများချကာ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးသည်။

ယင်းစစ်ကြောင်းသည် အင်အား ၁၅၀ခန့်ရှိပြီး ပခုက္ကူမြို့မှ ပေါက်မြို့နယ်သို့ ဝင်လာသည့် ရိက္ခာယာဉ်တန်းနှင့်အတူ ပါလာသော စစ်ကြောင်းဖြစ်ကြောင်း၊ အဆိုပါ စစ်ကြောင်းကြောင့် ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာ၁၅ ရွာဝန်းကျင်မှာ စစ်ရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ် အမှတ်(၂၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၂၂) ကနေ ပေါက်မြို့နယ်ဘက်ကို အင်အားဖြည့်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့တော် လှန်ရေးရဲဘော်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေထဲက ထက်၀က်ကျော် ပြန်မိထားတယ်လို့ ဒေသခံနဲ့စစ်ရေးတာ၀န်ရှိသူတချို့က ပြောပါတယ်။