Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် ထောင်ထားသည့်နင်းမိုင်းအလုံး၃၀ ရှင်းလင်းခဲ့ရ

ဇွန်လဆန်းပိုင်းကစ၍ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ပူးပေါင်းအဖွဲ့က အင်အား ၄၀၀ ခန့်ဖြင့် မိုးဗြဲမြို့ကို ထိုးစစ်ဆင်ခဲ့ပြီးနောက် မြို့တွင်းနေရာယူခဲ့ခြင်း ဖြစ်သည်။

(ရှင်းလင်းရရှိသော မိုင်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - မိုးဗြဲ PDF)
(ရှင်းလင်းရရှိသော မိုင်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - မိုးဗြဲ PDF)

ရှမ်း – ကရင်နီ(ကယား)ဒေသအစပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် ထောင်ထားသည့်နင်းမိုင်း အလုံး ၃၀ကို ရှင်းလင်းခဲ့ရကြောင်း မိုးဗြဲ PDF တာဝန်ရှိသူက လူထုနွေဦးသို့​ ပြောသည်။

မိုးဗြဲ မြို့ပေါ်၌ စစ်ကောင်စီတပ်စွဲထားသောနေရာအနီးတွင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(PDF) နှင့် ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ ပူးပေါင်းကာ မိုင်းရှင်းလင်းရေးဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

မိုင်းရှင်းလင်းရေးလုပ်ငန်းကို အောက်တိုဘာ၂၃ ရက်မှ၂၅ ရက်အထိ ၃ရက်လုပ်ဆောင်ခဲ့ကာ စစ်ကောင်စီတပ်မှ ထောင်ထားသော ၁၄/၁၆ နင်းမိုင်း စုစုပေါင်းအလုံး ၃၀ ရှင်းလင်းရရှိခဲ့သည်။

“မြို့ပေါ်နေရာ အနှံ့ မှာ စကစ ဘက်က ထောင်ထားတဲ့ မိုင်းတွေ အနှံ့ ရှိဆဲပါပဲ။အခုက ကျွန်တော်တို့ ရှင်း လင်းလို့ရမယ့် နေရာ အစိတ်အပိုင်းကိုပဲ ဆောင်ရွက်ခဲ့တာပါ”ဟု မိုးဗြဲ PDF တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ရှင်းလင်းရရှိသောမိုင်းများကို မိုးဗြဲ​ပြည်သူ့ကာကွယ် ရေးတပ်ရင်းမှ ထိန်းသိမ်းထားပြီး ပြည်သူလူထုလုံခြုံရေးအတွက်ကြိုးပမ်းဆောင်ရွက်နေကြောင်း အသိပေးထားသည်။

ယခင်က စစ်ကောင်စီနှင်းမိုင်းများနှင့်မိ၍ ဒဏ်ရာရရှိသူများရှိခဲ့သောကြောင့် ပြည်သူများအနေဖြင့် တားမြစ်ထားသောနေရာများအား လိုက်နာရန်နှင့်စစ်ကောင်စီတပ်စွဲထားသော နေရာအနီးများ တွင်သွားလာ နေထိုင်မှုရှောင်ရှား​ရန်လည်း မိုးဗြဲ PDF က ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီက မိုးဗြဲမြို့ ညောင်ဝိုင်း၊ပွဲကုန်း၊စည်ကား၊ စက်တော်ရာနှင့် စုပေါင်းရပ်ကွက်များတွင် တပ်စွဲနေသည်။

ဇွန်လဆန်းပိုင်းကစ၍ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ပူးပေါင်းအဖွဲ့က အင်အား ၄၀၀ ခန့်ဖြင့် မိုးဗြဲမြို့ကို ထိုးစစ်ဆင်ခဲ့ပြီးနောက် မြို့တွင်းနေရာယူခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်စပ် မိုးဗြဲမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF က ဒီကနေ့ မေလ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။