Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက မိုးဗြဲမြို့တွင်​နေအိမ်အချို့ကိုမီးရှို့ ပြီးလက်နက်ကြီးဖြင့်ပစ်ခတ်

တိုက်ပွဲသည် ၂နာရီခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု မိုးဗြဲ Local PDF က ထုတ်ပြန်သည်။

(မိုးဗြဲမြို့ အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)
(မိုးဗြဲမြို့ အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)

စစ်ကောင်စီတပ်က မိုးဗြဲမြို့တွင်၎င်းတပ်စွဲထားသောရပ်ကွက် ရှိ နေအိမ်အချို့ကို မီးရှို့ပြီး ယနေ့ နံနက်ပိုင်း၌ မြို့ကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MB-PDF တာဝန်ရှိသူက People’s Spring သို့ပြောသည်။

မိုးဗြဲမြို့အတွင်း၌တပ်စွဲနေထိုင်လျှက်ရှိ​သော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ညောင်ဝိုင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်ချို့ကို ယမန်နေ့(အောက်တိုဘာ ၁၂ ရက်) နံနက်ပိုင်းတွင် စတင်မီးရှို့ခဲ့သည်ဟု ဆိုသည်။

“မနေ့ကရောဒီနေ့ရော တိုက်ပွဲမရှိသေးဘူး။ဒီနေ့မနက် အစောပိုင်ဆိုရင် ဖယ်ခုံအမြောက်တပ်ကရော မိုးဗြဲ ၄၂၂ ကပါ လက်နက်ကြီးနဲ့ ပစ်တာ မနည်းဘူး။ အထိအခိုက်တော့ မကြားရသေးဘူး။မြို့ပြင်ကို ကျတာ များတယ်လို့သိရတယ်” ဟု အထက်ပါ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

စစ်ကောင်စီတပ်သည် လူနေအိမ်များကို မီးရှို့ခြင်းနှင့် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းသည်၎င်းတို့တိုက်ခိုက်ခံရမည်စိုး၍ ပြုလုပ်​နေခြင်းဖြစ်​နိုင်ကြောင်းဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

​အောက်တိုဘာလ ၉ ရက်နေ့က ရှမ်း-ကယား(ကရင်နီ) အစပ် မိုးဗြဲမြို့ ဒုန်းဒူထန်ရပ်ကွက်၌ တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို မိုးဗြဲ Local PDF၊ ဒီး​မော့ဆိုLocal PDF၊ လွိုင်​ကော်Local PDFနှင့် ကလလတ တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

တိုက်ပွဲသည် ၂နာရီခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု မိုးဗြဲ Local PDF က ထုတ်ပြန်သည်။

ကရင်နီပူးပေါင်းတပ်မှ ရဲ‌ဘော် တစ်ဦးကျဆုံးကာ သုံးဦးပြင်း ထန်ဒဏ်ရာရရှိခဲ့သည်။လက်ရှိတွင် စစ်ကောင်စီက မိုးဗြဲမြို့အတွင်းရှိ ညောင်ဝိုင်း၊ပွဲကုန်း၊စည်ကား၊ စက်တော်ရာ နှင့် စုပေါင်းရပ်ကွက်များတွင် တပ်စွဲ နေသည်။

ဇွန်လဆန်းပိုင်းကစ၍ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့ စစ် PNO ပူးပေါင်းအဖွဲ့က အင်အား ၄၀၀ ခန့်ဖြင့် မိုးဗြဲ မြို့ကို ထိုးစစ်ဆင်ခဲ့ပြီးနောက် မြို့တွင်း ရပ်ကွက်အချို့၌ တပ်စွဲနေရာယူထားခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။