Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် စျေးဝယ်ထွက်လာသောစစ်ကောင်စီတပ်သားလေးဦး ပစ်ခတ်ခံရပြီး နှစ်ဦးသေဟုဆို

တိုက်ခိုက်မှုဖြစ်ပွားပြီနောက် စစ်ကောင်စီတပ်က အနီးဝန်းကျင်ရပ်ကွက်ရှိ ပြည်သူအချို့အား ဖမ်းဆီးရိုက်နှက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

(မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများအား စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁က တွေ့ရစဥ် ။ ဓာတ်ပုံ - CJ)
(မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများအား စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁က တွေ့ရစဥ် ။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စျေးဝယ်ထွက်လာသော စစ်ကောင်စီတပ်သား လေးဦးအား ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း Golden Eagle Force-Monywa၏ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။

ယနေ့ (အောက်တိုဘာလ ၂၆ ရက်) နံနက် ၈ နာရီခန့်က မုံရွာ-အမြင့်လမ်းထိပ်ရှိ လူဝင်မှုကြီးြကပ်ရေးဦးစီးဌာန (လဝက)ရုံးဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီဂိတ်စခန်းမှ စစ်ကောင်စိတပ်သား သုံးဦးနှင့် အမျိုးသမီးစစ်မေတစ်ဦးတို့ စျေးဝယ်ထွက်လာချိန် မဟာမိတ်ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Golden Eagle Force-Monywa၏ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။

ပစ်ခတ်မှုကြောင့် လေးဦးလုံး ထိခိုက်မှုရှိပြီး စစ်သား နှစ်ဦးမှာ ဆေးရုံပို့စဥ် သေဆုံးသွားကြောင်း၊ ကျန် နှစ်ဦးလည်း ထိခိုက်မှုရှိကြောင်း ၎င်းက ဆိုသည်။

သို့သော်ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

“သူတို့ဂိတ်နားလေးမှာရှိတဲ့ ရပ်ကွက်ထဲကိုပဲ စျေးလာဝယ်ကြတာ။ အနီးကပ်သွားပစ်ခဲ့တာပါ။ ပေလေးဆယ်၊ ပေငါးဆယ်ဝန်းကျင်လောက်ပဲကွာတယ်။ဂိတ်နဲ့လည်း ကပ်ကပ်လေးပဲ။ သူတို့ကပြန်မပစ်နိုင်ဘူး။ နောက်ကကင်းတွေကတော့ ပြန်ပစ်တယ်။”ဟု ဗိုလ်လင်းယုန်ကဆိုသည်။

ပစ်ခတ်မှုကြောင့် အခင်းဖြစ်ပွားရာအနီးရှိ ဝပ်ရှော့လုပ်သည့်လူငယ်တစ်ဦး ခြေထောက်ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီနောက် စစ်ကောင်စီတပ်က အနီးဝန်းကျင်ရပ်ကွက်ရှိ ပြည်သူအချို့အား ဖမ်းဆီးရိုက်နှက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို Golden Eagle Force-Monywa၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့(မုံရွာ)၊ Ka Naung Min Thar Gyi(Monywa)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အောက်တိုဘာ ၂၃ ရက်ကလည်း မုံရွာမြို့နယ် သာစည်ရွာအနီး၌ စစ်ကောင်စီတပ်သား သုံးဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ လက်နက်နှင့်ခဲယမ်းများ သိမ်းဆည်းခံခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။