Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းရှိ PDFများက စစ်ကောင်စီယာဉ်တန်းများကို တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ သေဆုံးမှုများ

အင်အား ၂၀၀ခန့်ပါသည့် စစ်ကောင်စီကား ၁၀စီးကို အောက်တိုဘာ ၇ရက် နံနက်က တကောင်းလမ်းခွဲတွင် ထီးချိုင့် PDFနှင့် တကောင်း PDFတို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ပါရှိသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက စစ်ကောင်စီတပ်ယာဉ်တန်းများကို ယနေ့ ဆက်လက်တိက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ် စစ်ရေးသတင်းများကို ထုတ်ပြန်ရာ ထီးချိုင့်နှင့် တကောင်းPDFတို့ ပူးပေါင်းအဖွဲ့က စစ်ကောင်စီယာဉ်တန်းကိုတိုက်ခိုက်ခဲ့မှု၊ ပျူစောထီးနှင့် စစ်ကောင်စီတပ်များကို ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း၌ ဒေသခံများက တိုက်ခိုက်ခဲ့မှု၊ မုံရွာ-ဘုတလင်ကြားတွင် စစ်ယာဉ်တန်းများကို ဒေသခံ PDF များက တိုက်ခိုက်ခဲ့မှု အခြေအနေများကို အကျဉ်းချုံးဖော်ပြခဲ့သည်။

အင်အား ၂၀၀ခန့်ပါသည့် စစ်ကောင်စီကား ၁၀စီးကို အောက်တိုဘာ ၇ရက် နံနက်က တကောင်းလမ်းခွဲတွင် ထီးချိုင့် PDFနှင့် တကောင်း PDFတို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ပါရှိသည်။

“မနက်က တက်လာတဲ့ ကား ၁၀စီးထဲက ၁စီး ထိတာ။တကောင်းနယ်ထဲက တံတားတစ်ခုနားမှာ ဖြစ်တာ။ မန္တလေး- ဗန်းမော်လမ်း ပေါ်မှာ ဖြစ်တာ။ထိခိုက်မှုကတော့ များတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းလောင်းပြည့်မှ တစ်ဆင့် သံပေါက်သို့သွားရာလမ်းတွင် အင်အား၁၀၀ ကျော်ပါသည့် ပျူစောထီးများနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပျူစောထီးများရေယာဉ်များဖြင့် အနောက်ဘက်ကမ်းသို့ ဆုတ်ခွာသွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၄ဦးခန့်သေဆုံးကြောင်း ဖော်ပြထား သည်။

အောက်တိုဘာ ၇ရက် မုံရွာနှင့် ဘုတလင်ကြားတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များမှ စစ်ကောင်စီ ကားများကို သုံးကြိမ်မိုင်းဆွဲတိက်ခိုက်ခဲ့သည်ဟု ဆို သည်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ အထိအခိုက် အဆုံးအရှုံးများနိုင်ကြောင်း ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းရှိ မြို့နယ်အများအပြားတွင် စစ်ကောင်စီတပ်ကို ဒေသခံများက ရရာလက်နက်စွဲကိုင် ခုခံနေရာ တိုက်ပွဲများ၊ ခုခံစစ်များ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။