Connect with us

Hi, what are you looking for?

သတင်း

မုံးကိုးနှင့် ဖောင်းဆိုင်ဒေသကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

မုံးကိုးနှင့် ဖောင်းဆိုင် ဒေသအပါအဝင် ရှမ်းပြည်နာ်မြောက်ပိုင်းနေရာ အတော်များများ၌ စစ်ကောင်စီတပ်ကို ကိုးကန့်၊တအာင်း၊ ရခိုင် တပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်။

(ပြီးခဲ့သည့် ဇူလိုင်က ရှမ်းမြောက်ရှိ နမ့်အွန်ဒေသသို့ စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - PSLF/TNLA)
(ပြီးခဲ့သည့် ဇူလိုင်က ရှမ်းမြောက်ရှိ နမ့်အွန်ဒေသသို့ စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - PSLF/TNLA)

မြောက်ပိုင်းလက်နက်ကိုင်တပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ပြင်းထန်နေသည့် မုံးကိုးနှင့် ဖောင်းဆိုင် ဒေသကို စစ်ကောင်စီက ယနေ့နံနက် ၁၁နာရီ ၄၄မိနစ်တွင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်လာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“တိုက်ပွဲဖြစ်နေတာ စကစဘက်က ပစ်ကူလာတာဟုတ်တယ်။ ၂ကြိမ်ရှိပြီ”ဟု ၎င်းက ဆိုသည်။

မုံးကိုးနှင့် ဖောင်းဆိုင် ဒေသအပါအဝင် ရှမ်းပြည်နာ်မြောက်ပိုင်းနေရာ အတော်များများ၌ စစ်ကောင်စီတပ်ကို ကိုးကန့်၊တအာင်း၊ ရခိုင် တပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း တိုက်ပွဲတွင် ပါဝင်ကြောင်း သတင်းရင်းမြစ် အချို့က ပြောကြားပြီး KIAဘက်က တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်တိုက်ဖျက်ရေး ထိုးစစ်ကို ယနေ့ အောက်တိုဘာ ၂၇ရက်က စတင်လိုက်ကြောင်း တအာင်း၊ ကိုးကန့်၊ ရခိုင်တပ်များက ပူးတွဲကြေညာထားသည်။

စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး ချင်းရွှေဟော်မြို့ကိုလည်း မြောက်ပိုင်းလက်နက်ကိုင်တပ်များက ထိန်းချုပ်ထားနိုင်ခဲ့သည်။ စစ်ကောင်စီတပ်သည် ချင်းရွှေဟော်မြို့ကိုလည်း ယနေ့ နံနက်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်