Connect with us

Hi, what are you looking for?

သတင်း

အောင်ဂျာတိုက်ပွဲ ခလရ(၁၀၃)နှင့်ခလရ(၂၃၆)မှတပ်ရင်းမှူး နှစ်ဦးသေဆုံးဟု စစ်ရေးသတင်းရင်းမြစ်ပြော

အောင်ဂျာစခန်းသိမ်းပိုက်နိုင်မှုသည် KIA ဌာနချုပ်လုံခြုံရေးစည်းအတွက်ပိုမိုအားကောင်းစေခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(အောင်ဂျာစခန်းသိမ်းပိုက်ပြီးနောက် အဆိုပါ စခန်းကုန်းအား ဒုဗိုလ်ချုပ်ကြီးဂွန်မော် သွားရောက်ကြည့်ရှု့စဉ်တွေ့ရစဉ်။ ဓာတ်ပုံ - Gunmaw Sumlut/FB)
(အောင်ဂျာစခန်းသိမ်းပိုက်ပြီးနောက် အဆိုပါ စခန်းကုန်းအား ဒုဗိုလ်ချုပ်ကြီးဂွန်မော် သွားရောက်ကြည့်ရှု့စဉ်တွေ့ရစဉ်။ ဓာတ်ပုံ - Gunmaw Sumlut/FB)

“သေဆုံးသူ အားလုံး ၆၀ကျော်သွားပြီ။ ထွက်ပြေးတဲ့ စကစ တပ်ဖွဲ့တွေ အကုန်ပြန်ပြီး ရှင်းလင်းခံလိုက်ရတယ်။ သိမ်းဆည်းရရှိတဲ့လက်နက်ကြီး၊ငယ် ၉၀ကျော်တယ်”

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အောင်ဂျာဒေသ စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူး နှစ်ဦးသေဆုံးခဲ့သည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ် လိုင်ဇာအနီးရှိ နမ့်ဆန်ယန်ဒေသတွင် ယခုနှစ်ဇွန်လမှစ၍ နှစ်ဖက်တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားခဲ့ရာ အောင်ဂျာဒေသ တိုက်ပွဲများမှာ ပြင်းထန်ခဲ့ပြီး အောက်တိုဘာ ၂၀ရက်တွင် ယင်းဒေသရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သည်။

“အောင်ဂျာတိုက်ပွဲမှာ စကစတပ်ဘက်က ခလရ(၁၀၃) ၊ ခလရ(၂၃၆) တပ်ရင်းမှူး ၂ယောက်သေသွားတယ်။ သေဆုံးသူ အားလုံး ၆၀ကျော်သွားပြီ။ ထွက်ပြေးသွားတဲ့ စကစ တပ်ဖွဲ့တွေ အကုန်ပြန်ပြီး ရှင်းလင်းခံလိုက်ရတယ်။ သိမ်းဆည်းရရှိတဲ့ လက်နက်ကြီး၊ငယ် စုစုပေါင်း ၉၀ ကျော်တယ်။ လက်နက်ကြီး ကျည်နဲ့လက်နက်ငယ် ကျည်တွေ၊ ဗုံးသီးတွေ ရေတွက်လို့ မနိုင်ဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သေဆုံးခဲ့သည့် တပ်ရင်းမှူး နှစ်ဦးအနက် ခလရ (၁၀၃)မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိ သက်အောင်အောင်သည် အောက်တိုဘာ ၁၃ရက် တိုက်ပွဲမှာပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များက ပြုလုပ်သည့် နာရေးဖိတ်စာတွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အောင်ဂျာဒေသတိုက်ပွဲကို KIAနှင့်အတူ PDF၊ AA၊ CNA ၊ ABSDF-NB၊ KNA-Burma စသည့် မဟာမိတ်တပ်များ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။

အောင်ဂျာစခန်းသိမ်းပိုက်နိုင်မှုသည် KIA ဌာနချုပ်လုံခြုံရေးစည်းအတွက်ပိုမိုအားကောင်းစေခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အောင်ဂျာတိုက်ပွဲ၌ စစ်ကောင်စီအင်အား ရာချီ ချေမှုန်းနိုင်ခဲ့ပြီး PDF တပ်ရင်း တစ်ရင်းစာ လက်နက်များရရှိခဲ့သည်ဟု KIA စစ်ဦးစီးချုပ်၏ ပြောကြားချက်ကို ကိုးကား အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်