Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအရှိန်ကို မြှင့်တင်ကြရန် ယာယီသမ္မတ တိုက်တွန်း

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့သည့်အပြင် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် အတူ မဟာမိတ်ပူးပေါင်းတပ်များက ‘၁၀၂၇ စစ်ဆင်ရေးကြီး’ကို မဟာဗျူဟာကျကျ ဆင်နွှဲနေခြင်း ကိစ္စကို ထည့်သွင်းပြောကြားခဲ့သည်။

တော်လှန်ရေးအရှိန်ကို မြှင့်တင်ကြရန် ယာယီသမ္မတ တိုက်တွန်း
တော်လှန်ရေးအရှိန်ကို မြှင့်တင်ကြရန် ယာယီသမ္မတ တိုက်တွန်း

▪️‘၁၀၂၇ စစ်ဆင်ရေး’ရက်တိုကာလအတွင်းရရှိသည့် အောင်မြင်မှုများအပေါ် ဂုဏ်ယူကြောင်း ပြောကြား

▪️စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များအလင်းဝင်ကြရန် တိုက်တွန်း

တော်လှန်ရေးနှင့် တည်ဆောက်ရေးကို ပိုမိုဟန်ချက်ညီလုပ်ဆောင်ပြီး တော်လှန်ရေးအရှိန်ကို မြှင့်တင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့သည့်အပြင် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် အတူ မဟာမိတ်ပူးပေါင်းတပ်များက ‘၁၀၂၇ စစ်ဆင်ရေးကြီး’ကို မဟာဗျူဟာကျကျ ဆင်နွှဲနေခြင်း ကိစ္စကို ထည့်သွင်းပြောကြားခဲ့သည်။

“ရက်တိုကာလအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကျွန်တော့်အနေနဲ့ အလေးအနက်ထား ဂုဏ်ယူပါကြောင်းပြောလိုပါတယ်။ တိုက်ပွဲဝင်နေကြတဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ အားလုံးနဲ့အတူ တတိုင်းပြည်လုံးက ရပ်တည်နေသလို ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း တသားတည်းရပ်တည်နေပါကြောင်း အလေးအနက်ထား ပြောကြားလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

စွန့်လွှတ်ပေးဆပ်သွားကြသည့် သူရဲကောင်းများအားလုံးကို ဦးညွှတ်ဂုဏ်ပြုနေမည်ဟုလည်း ပြောကြားသည်။

Public Service Announcement

Public Service Announcement

“စွန့်လွှတ်ပေးဆပ်မှု တခုချင်းစီတိုင်း အလဟဿဖြစ်မသွားစေဘဲ ထိုက်တန်တဲ့ မျှော်ရည်ပန်းတိုင်ကို ရယူနိုင်ဖို့ ကျွန်တော်တို့အားလုံး အဆက်မပြတ် အားထုတ်နေကြရမှာ ဖြစ်ပါတယ်။ လူထုတရပ်လုံးအနေနဲ့လည်း တော်လှန်ရေးရဲဘော်တွေ ပိုမိုပြီး ခွန်အားတက်ကြွစေဖို့ ဆက်ပြီး အခိုင်အမာ အားပေးထောက်ခံသွားကြပါလို့ အထူးတိုက်တွန်း လိုပါတယ်။ တော်လှန်ရေးနဲ့ပတ်သက်ပြီး လူထုရဲ့မျှော်လင့်ချက်နဲ့ စိတ်အားတက်ကြွမှုတွေဟာ စစ်ရေး စွမ်းဆောင်မှုတွေအပေါ် အများကြီး မူတည်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ထို့ကြောင့် မဟာမိတ်ဆက်ဆံရေး ယခုထက်ပိုမိုအားကောင်းခိုင်မာရေးနှင့် နိုင်ငံတဝန်းတွင် မဟာဗျူဟာကျကျ ဟန်ချက် ညီစွာ “တသံတည်းညီ တချီတည်းရုန်း”ကြရေး ဆထက်တံပိုးအားထုတ်သွားရမည်ဟု ထုတ်ပြန်သည်။

“မင်းအောင်လှိုင်နဲ့ ကိုယ်ကျိုးရှာ အကြမ်းဖက်စစ်တပ်၏ ဖျားယောင်းမှုတွင် မှိုင်းမိရုန်းကန်နေရသော တိုင်းချစ်ပြည်ချစ် စိတ်ဓါတ်ရှိသည့် ရဲဘော်ရဲဘက်များ၊ ပြည်သူ့စစ်များ၊ ပျူစောထီးများအနေဖြင့် အချိန်မလင့်မှီ ချက်ချင်း သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် PDFs များထံ လက်နက်ချလာရောက်ပူးပေါင်းကြဖို့ တိုက်တွန်းလိုပါတယ်”ဟုလည်း ယာယီသမ္မတက ပြောသည်။

နွေဦးတော်လှန်ရေး၏ လက်နက်ကိုင်တော်လှန်ရေးကဏ္ဍတွင် ကာကွယ်ရေးဝန်ကြီးဌာနသည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထဲက အဓိက ဝန်ကြီးဌာနဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းတာဝန်ကြီးမားကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အောင်မြင်မှုများကို အသိအမှတ်ပြုကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

“တာဝန်ရှိသူ အဆင့်ဆင့်အနေနဲ့လည်း Code of Conduct (CoC) ကို အထူးကြပ်မတ်ပြီး ကိုယ်တိုင်လည်း လိုက်နာဆောင်ရွက်ကြဖို့ သတိပေးလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

လက်ရှိတွင် တော်လှန်ရေးရဲဘော်များ စစ်မြေပြင်တွင် ထိုးစစ်ဆင်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း တို့မှ စစ်ရေးအောင်မြင်မှုအပေါ် များစွာ အထောက်အကူ ပြုကြောင်း ဖော်ပြသည်။

“ထုတ်လုပ်မှု အပိုင်းမှာလည်း အဆင့်မြင့်လာတာ တွေ့ရပါတယ်။ အားရဖို့လည်း ကောင်းပါတယ်။ ဒါပေမယ့်လည်း နည်းပညာဆိုတာက ရပ်တန့်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပိုပြီး အာရုံစိုက် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ လက်နက်ထုတ်လုပ်မှုနဲ့ နည်းပညာ မြှင့်တင်မှု အပိုင်းဟာ တော်လှန်ရေး အောင်မြင်မှုကို အရှိန်မြှင့်ပေးမယ့် စွမ်းအင်လောင်စာဖြစ်ပါတယ်။ ဒါကို ပြည်သူလူထုက သိမြင်ပြီး ထောက်ပံ့လာအောင် သတင်းစကားပါးရမှာ ဖြစ်ပါတယ်”ဟုလည်း ယာယီသမ္မတက ပြောသည်။

တော်လှန်ရေးဆင်နွှဲရာ၌ လက်ကိုင်ထားရမည့် အချက်မှာ တော်လှန်ရင်း တည်ဆောက်၊ တည်ဆောက်ရင်း တော်လှန်ဆိုသည့် ခံယူလုပ်ဆောင်ချက်ဖြစ်သည်ဟု ယာယီသမ္မတက ပြောသည်။ တည်ဆောက်ရာ၌ လူအင်အား၊လက်နက်အင်အား ၊ နည်းပညာနှင့်စွမ်းရည်အပြင် စိတ်ဓာတ်နှင့် ကျင့်ဝတ်စည်းကမ်းများ တည်ဆောက်ရမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောကြားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။