Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးအရှိန်ကို မြှင့်တင်ကြရန် ယာယီသမ္မတ တိုက်တွန်း

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့သည့်အပြင် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် အတူ မဟာမိတ်ပူးပေါင်းတပ်များက ‘၁၀၂၇ စစ်ဆင်ရေးကြီး’ကို မဟာဗျူဟာကျကျ ဆင်နွှဲနေခြင်း ကိစ္စကို ထည့်သွင်းပြောကြားခဲ့သည်။

တော်လှန်ရေးအရှိန်ကို မြှင့်တင်ကြရန် ယာယီသမ္မတ တိုက်တွန်း
တော်လှန်ရေးအရှိန်ကို မြှင့်တင်ကြရန် ယာယီသမ္မတ တိုက်တွန်း

▪️‘၁၀၂၇ စစ်ဆင်ရေး’ရက်တိုကာလအတွင်းရရှိသည့် အောင်မြင်မှုများအပေါ် ဂုဏ်ယူကြောင်း ပြောကြား

▪️စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များအလင်းဝင်ကြရန် တိုက်တွန်း

တော်လှန်ရေးနှင့် တည်ဆောက်ရေးကို ပိုမိုဟန်ချက်ညီလုပ်ဆောင်ပြီး တော်လှန်ရေးအရှိန်ကို မြှင့်တင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့သည့်အပြင် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် အတူ မဟာမိတ်ပူးပေါင်းတပ်များက ‘၁၀၂၇ စစ်ဆင်ရေးကြီး’ကို မဟာဗျူဟာကျကျ ဆင်နွှဲနေခြင်း ကိစ္စကို ထည့်သွင်းပြောကြားခဲ့သည်။

“ရက်တိုကာလအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကျွန်တော့်အနေနဲ့ အလေးအနက်ထား ဂုဏ်ယူပါကြောင်းပြောလိုပါတယ်။ တိုက်ပွဲဝင်နေကြတဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ အားလုံးနဲ့အတူ တတိုင်းပြည်လုံးက ရပ်တည်နေသလို ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း တသားတည်းရပ်တည်နေပါကြောင်း အလေးအနက်ထား ပြောကြားလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

စွန့်လွှတ်ပေးဆပ်သွားကြသည့် သူရဲကောင်းများအားလုံးကို ဦးညွှတ်ဂုဏ်ပြုနေမည်ဟုလည်း ပြောကြားသည်။

Public Service Announcement

Public Service Announcement

“စွန့်လွှတ်ပေးဆပ်မှု တခုချင်းစီတိုင်း အလဟဿဖြစ်မသွားစေဘဲ ထိုက်တန်တဲ့ မျှော်ရည်ပန်းတိုင်ကို ရယူနိုင်ဖို့ ကျွန်တော်တို့အားလုံး အဆက်မပြတ် အားထုတ်နေကြရမှာ ဖြစ်ပါတယ်။ လူထုတရပ်လုံးအနေနဲ့လည်း တော်လှန်ရေးရဲဘော်တွေ ပိုမိုပြီး ခွန်အားတက်ကြွစေဖို့ ဆက်ပြီး အခိုင်အမာ အားပေးထောက်ခံသွားကြပါလို့ အထူးတိုက်တွန်း လိုပါတယ်။ တော်လှန်ရေးနဲ့ပတ်သက်ပြီး လူထုရဲ့မျှော်လင့်ချက်နဲ့ စိတ်အားတက်ကြွမှုတွေဟာ စစ်ရေး စွမ်းဆောင်မှုတွေအပေါ် အများကြီး မူတည်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ထို့ကြောင့် မဟာမိတ်ဆက်ဆံရေး ယခုထက်ပိုမိုအားကောင်းခိုင်မာရေးနှင့် နိုင်ငံတဝန်းတွင် မဟာဗျူဟာကျကျ ဟန်ချက် ညီစွာ “တသံတည်းညီ တချီတည်းရုန်း”ကြရေး ဆထက်တံပိုးအားထုတ်သွားရမည်ဟု ထုတ်ပြန်သည်။

“မင်းအောင်လှိုင်နဲ့ ကိုယ်ကျိုးရှာ အကြမ်းဖက်စစ်တပ်၏ ဖျားယောင်းမှုတွင် မှိုင်းမိရုန်းကန်နေရသော တိုင်းချစ်ပြည်ချစ် စိတ်ဓါတ်ရှိသည့် ရဲဘော်ရဲဘက်များ၊ ပြည်သူ့စစ်များ၊ ပျူစောထီးများအနေဖြင့် အချိန်မလင့်မှီ ချက်ချင်း သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် PDFs များထံ လက်နက်ချလာရောက်ပူးပေါင်းကြဖို့ တိုက်တွန်းလိုပါတယ်”ဟုလည်း ယာယီသမ္မတက ပြောသည်။

နွေဦးတော်လှန်ရေး၏ လက်နက်ကိုင်တော်လှန်ရေးကဏ္ဍတွင် ကာကွယ်ရေးဝန်ကြီးဌာနသည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထဲက အဓိက ဝန်ကြီးဌာနဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းတာဝန်ကြီးမားကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အောင်မြင်မှုများကို အသိအမှတ်ပြုကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

“တာဝန်ရှိသူ အဆင့်ဆင့်အနေနဲ့လည်း Code of Conduct (CoC) ကို အထူးကြပ်မတ်ပြီး ကိုယ်တိုင်လည်း လိုက်နာဆောင်ရွက်ကြဖို့ သတိပေးလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

လက်ရှိတွင် တော်လှန်ရေးရဲဘော်များ စစ်မြေပြင်တွင် ထိုးစစ်ဆင်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း တို့မှ စစ်ရေးအောင်မြင်မှုအပေါ် များစွာ အထောက်အကူ ပြုကြောင်း ဖော်ပြသည်။

“ထုတ်လုပ်မှု အပိုင်းမှာလည်း အဆင့်မြင့်လာတာ တွေ့ရပါတယ်။ အားရဖို့လည်း ကောင်းပါတယ်။ ဒါပေမယ့်လည်း နည်းပညာဆိုတာက ရပ်တန့်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပိုပြီး အာရုံစိုက် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ လက်နက်ထုတ်လုပ်မှုနဲ့ နည်းပညာ မြှင့်တင်မှု အပိုင်းဟာ တော်လှန်ရေး အောင်မြင်မှုကို အရှိန်မြှင့်ပေးမယ့် စွမ်းအင်လောင်စာဖြစ်ပါတယ်။ ဒါကို ပြည်သူလူထုက သိမြင်ပြီး ထောက်ပံ့လာအောင် သတင်းစကားပါးရမှာ ဖြစ်ပါတယ်”ဟုလည်း ယာယီသမ္မတက ပြောသည်။

တော်လှန်ရေးဆင်နွှဲရာ၌ လက်ကိုင်ထားရမည့် အချက်မှာ တော်လှန်ရင်း တည်ဆောက်၊ တည်ဆောက်ရင်း တော်လှန်ဆိုသည့် ခံယူလုပ်ဆောင်ချက်ဖြစ်သည်ဟု ယာယီသမ္မတက ပြောသည်။ တည်ဆောက်ရာ၌ လူအင်အား၊လက်နက်အင်အား ၊ နည်းပညာနှင့်စွမ်းရည်အပြင် စိတ်ဓာတ်နှင့် ကျင့်ဝတ်စည်းကမ်းများ တည်ဆောက်ရမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

နိုင်ငံတဝန်း စစ်ရေးအရှိန်များတိုးမြှင့်ဖော်ဆောင်နေသည့် အခြေအနေတွင် ယခုကဲ့သို့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။