Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းအား PDFများ ယာယီပိတ်ထား

မုံရွာ – မန္တလေးလမ်းနှင့် ရွှေဘို – မန္တလေးလမ်းပိုင်းများအား ည ၈နာရီမှ နံနက် ၅နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန်လည်း PDF များက သတိပေးထားသည်။

(ယမန်နှစ်အတွင်းက မုံရွာ - မန္တလေးလမ်းပိုင်း၌ လမ်းပိတ်ထား၍ ယာဥ်များစောင့်ဆိုင်းနေစဥ်။ ဓာတ်ပုံ - CJ)
(ယမန်နှစ်အတွင်းက မုံရွာ - မန္တလေးလမ်းပိုင်း၌ လမ်းပိတ်ထား၍ ယာဥ်များစောင့်ဆိုင်းနေစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းအား ယနေ့ နံနက်ပိုင်းမှစတင်ကာ ယာယီပိတ်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာလ ၃ ရက်) နံနက်ခင်းပိုင်းမှစတင်ကာ မုံရွာ – မန္တလေးလမ်းအား ယာယီအသုံးမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက

မေတ္တာရပ်ခံသည်။

တားမြစ်ချက်အား လိုက်နာခြင်းမရှိဘဲ အသုံးပြု သွားလာ၍ တစုံတရာဖြစ်ပါက လိုက်နာခြင်းမရှိသူ၏ တာဝန်သာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သတိပေးသည်။

Public Service Announcement

Public Service Announcement

မုံရွာ – မန္တလေးလမ်းနှင့် ရွှေဘို – မန္တလေးလမ်းပိုင်းများအား ည ၈နာရီမှ နံနက် ၅နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန်လည်း PDF များက သတိပေးထားသည်။

ထို့အပြင် လမ်းပြန်လည်အသုံးပြုနိုင်မည့်အချိန်ကို ထပ်မံအသိပေးမည်ဟု ဆိုသည်။

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလာသည့်အခါ ဒေသတွင်းတော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook