Connect with us

Hi, what are you looking for?

သတင်း

‘၁၀၂၇စစ်ဆင်ရေး’ဂယက် စစ်ကိုင်းတိုင်းရောက် စစ်ကောင်စီစစ်ကြောင်းများအား ရိုက်ခတ်

ကသာမြို့နယ်တွင် ယမန်နေ့(နိုဝင်ဘာ၂ရက်)က ဧရာဝတီမြစ်ကြောင်းအတိုင်း ထီးချိုင့်မြို့မှ တက်လာသည့် စစ်ကောင်စီရေယာဉ်ကို တိုက်ခိုက်ရာ ပြန်မပစ်ဘဲ မောင်းနှင်ထွက်ပြေးသွားသည်ဟု ကသာမြို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

(စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တနေရာတွင် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တနေရာတွင် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - CJ)

▪️ယခုရက်ပိုင်း PDF များနှင့် ထိပ်တိုက်မတွေ့ရန် ကြိုးပမ်းနေဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ညီနောင်မဟာမိတ် သုံးဖွဲ့ က စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေချိန်တွင် စစ်ကိုင်းတိုင်းရောက် စစ်ကောင်စီတပ်ဖွဲ့များက စစ်ရေးမဖော်ဆောင်တော့ဘဲ PDF များအား ရှောင်ကွင်း၍ နေရာရွှေ့ပြောင်းနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

“ကျားဘီလူးဆိုပြီး ကြွေးကြော်ထားတဲ့ ပုလဲနယ် က စစ်ကြောင်းက အခုဆို မြို့နဲ့ ဝေးတဲ့ ရွာတွေဖက်ကို လျှောက်သွားနေတယ်။ PDF တွေနဲ့ ထိပ်တိုက်မဆုံအောင်သွားနေတာ။ ကျ‌နော်တို့ သိရသလောက် ရှမ်းမြောက်ကိုပို့မှာစိုးလို့ တပ်ရင်းတွေနဲ့ ဝေးသထက်ဝေးအောင် သွားနေတာ”ဟု ပုလဲမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကနီနှင့် ယင်းမာပင်မြို့နယ်စပ်၌ လနှင့်ချီတပ်စွဲထားသော အင်အား ၂၀၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းမှာလည်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲမဖော်ဆောင်‌တော့ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရှိရနေရာများကို ရှောင်ကွင်းသွားလာနေကြောင်း ယင်းမာပင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

” အရင်ရက်က တိုက်ပွဲထဲ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြောတယ်။ သူတို့ မတိုက်ချင်တော့ဘူးတဲ့။ အကုန် ထွက်ပြေးချင်နေတာတဲ့။ ဒါပေမယ့် တကယ်ပြောတာလား၊ ကြောက်ပြီး ပြောတာလား မသိဘူးပေါ့”ဟု အဆိုပါ ရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

ကသာမြို့နယ်တွင် ယမန်နေ့(နိုဝင်ဘာ၂ရက်)က ဧရာဝတီမြစ်ကြောင်းအတိုင်း ထီးချိုင့်မြို့မှ တက်လာသည့် စစ်ကောင်စီရေယာဉ်ကို တိုက်ခိုက်ရာ ပြန်မပစ်ဘဲ မောင်းနှင်ထွက်ပြေးသွားသည်ဟု ကသာမြို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ပြန်မပစ်ဘဲ ပြေးတာဗျ။ အရင်ကဆို ရမ်းသမ်းပစ်တာ။ အခုက လုံးဝမပစ်ဘဲ ပြေးတာ” ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းမြို့နယ်အချို့၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ခေါင်းဆောင်ကာ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ရက်မှစကာ ဆင်နွှဲနေပြီး စစ်ကောင်စီစခန်းများအား တိုက်ခိုက်နေသည်။ ယနေ့သည် ၁၀၂၇ စစ်ဆင်ရေး ၈ ရက်မြောက်ဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက စစ်ရေးအရ အသာစီးယူပြီး စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲ‌နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။