Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့တွင် ရက် ၂၀ ကြာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်တပ်ကို ​ဒေသ ကာကွယ်ရေးအဖွဲ့ များ က ၁၀ ကြိမ်တိုက်ခိုက်

အင်အား၂၅၀ခန့်ပါဝင်​သော အဆိုပါစစ်​ကြောင်းသည် ပေါက်မြို့နယ်၊ ရွှေဘုံသာရွာ(ပျူစောထီးရွာ)မှ ပေါက်မြို့နယ် မြောက်ပိုင်းတခြမ်းလုံးကို စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်သားတစ်ဦး၏ ခြင်းကျားနှင့် ခြင်းကျားအတွင်းမှ ပစ္စည်းအချို့။ဓါတ်ပုံ-​ပေါက်ပကဖ)
(စစ်​ကောင်စီတပ်သားတစ်ဦး၏ ခြင်းကျားနှင့် ခြင်းကျားအတွင်းမှ ပစ္စည်းအချို့။ဓါတ်ပုံ-​ပေါက်ပကဖ)

ပေါက်မြို့နယ်အတွင်း ရက်ပေါင်း ၂၀ကျော်ကြာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက၁၀ ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖက သတင်းထုတ်ပြန်သည်။

အင်အား၂၅၀ခန့်ပါဝင်​သော အဆိုပါစစ်​ကြောင်းသည် ပေါက်မြို့နယ်၊ ရွှေဘုံသာရွာ(ပျူစောထီးရွာ)မှ ပေါက်မြို့နယ် မြောက်ပိုင်းတခြမ်းလုံးကို စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

ထိုစစ်ကြောင်းမှ စစ်သုံ့ပန်း ၁ ဦးဖမ်းရှိရပြီး စစ်ကောင်စီတပ်သား ရုပ်အလောင်းတစ်ခုနှင့် လူနေအိမ် ၂ လုံးတွင် ရုပ်အလောင်းများ မီးတင်ရှို့ထားသည်ကို တွေ့ရရှိရသည်ဟု ပေါက် ပကဖ မှ ကာကွယ်​​ရေးတပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။

“ထိပ်တိုက်တွေ့တာ သိပ်မရှိခဲ့ဘူး။မိုင်းဆွဲတယ်။ ဒရုန်းနဲ့ချတာတွေလုပ်ခဲ့တယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားများသည် ကုက္ကိုလ်စုရွာအဝင်တွင် ဒဏ်ရာရရှိသူ၃၀ခန့်ကိုလှည်း၁၀ စီးဖြင့် သယ်ဆောင်သွားပြီး စစ်ကောင်စီ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သတင်းများအရသိရသည်ဟု၎င်းကဆက်​ပြောသည်။ စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

ကာကွယ်ရေးတပ်သားများဘက်မှရဲဘော် ၂ ဦးကျဆုံးပြီး သေနတ် ၂ လက်ဆုံးခဲ့သည်ဟုလည်း ပေါက်-ပကဖကဆိုသည်။ ထိုပြင် စစ်ကောင်စီတပ်က ပြည်သူ ၇ ဦးကိုလည်းသတ်ဖြတ်ခဲ့သည်ဟုသိရသည်။

ထိုစစ်ကြောင်းသည်လက်ရှိတွင် ရေပြကျေးရွာမှတဆင့် ပေခုနှစ်ပင်ရွာနှင့်ဘုရားတောင်ကျေးရွာကို ဦးတည်နေသည်ဟုလည်း မျက်မြင်​တွေရှိ​သော​ဒေသခံအချို့ကပြောသည်။ ထိုစစ်ကြောင်းသည် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ပြီး ဖျက်ဆီးထားသည့် ဒီးဒုတ်ကွင်းရွာကိုလည်းရိက္ခာပို့ရန် စီစဉ်နေသည်ဟုလည်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။

Facebook