Connect with us

Hi, what are you looking for?

သတင်း

KIA၊ PDFနှင့် တော်လှန်ရေးတပ်များက ခမ်းပတ်မြို့ကိုအပြည့်အဝ သိမ်းပိုက်နိုင်ပြီဟု NUG စစ်ရုံးချုပ်ထုတ်ပြန်

ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို နိုဝင်ဘာလ (၃) ရက်မှ စတင်၍ ဝိုင်းပတ်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်တွင် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုများ ဆောင်ရွက်လျက် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

(​တော်လှန်​ရေးအဖွဲ့များက ခါမ်းပါတ်မြို့ကိုသိမ်းယူပြီး​နောက် ​တွေ့ရစဥ်။ဓါတ်ပုံ-NUG-MOD၊​ပေးပို့ )
(​တော်လှန်​ရေးအဖွဲ့များက ခါမ်းပါတ်မြို့ကိုသိမ်းယူပြီး​နောက် ​တွေ့ရစဥ်။ဓါတ်ပုံ-NUG-MOD၊​ပေးပို့ )

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို နိုဝင်ဘာ ၇ရက် နံနက်တွင် အပြည့်အ၀ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်ကသတင်းထုတ်ပြန်သည်။

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွန်း စစ်ဒေသမှူးအဖြစ် တာဝန်ယူထားသည့် အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက ခမ်းပတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

တော်လှန်ရေးအဖွဲ့များအနက် တမူးခရိုင် တပ်ရင်း (၂) ၊ စစ်ဒေသအထူး တပ်ရင်း (၂) ၊ အမှတ် ၁ စစ်ဒေသ လက်နက်ကြီး အဖွဲ့ ၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့ ၊ CNDF ၊ TDA ၊ RCDF နှင့် KNA-Burma တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း ဖော်ပြသည်။

ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို နိုဝင်ဘာလ (၃) ရက်မှ စတင်၍ ဝိုင်းပတ်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်တွင် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုများ ဆောင်ရွက်လျက် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အမှတ် (၁) စစ်ဒေသသည် C3C ၏ အစီအစဉ်ဖြင့် KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ်လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများ အဖြစ်လည်းကောင်း တာဝန်ယူလျက် PDF တပ်ရင်းများနှင့် ပကဖအဖွဲ့များကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ်ကွပ်ကဲမှု ရယူထားသော စစ်ဒေသဖြစ်သည်ဟုလည်း ရှင်းလင်း အသိပေးထားသည်။

တိုက်ပွဲနှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဟုလည်း ဖော်ပြသည်။

နိုဝင်ဘာ ၃ရက်တွင် KIA ဦးဆောင်သည့် စစ်ကြောင်းက စစ်ကိုင်းတိုင်းရှိ နေရာအများအပြားကို တစ်ပြိုင်တည်း ထိုးစစ်ဆင်ပြီး စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းများကိုသိမ်းပိုက်ခဲ့ရာ ကောလင်းမြို့ကို ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး ခမ်းပတ်မြို့ကို ယနေ့ ထပ်မံ သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook