Connect with us

Hi, what are you looking for?

News

သုံးခွမြို့နယ်မှ အုပ်ကြီး ၂၀ကျော်တစ်ပြိုင်နက်နှုတ်ထွက်

သုံးခွမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TYF)က အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ရန် အောက်တိုဘာ ၇ရက်စွဲဖြင့် ထုတ်ပြန်ပြီးနောက် အုပ်ချုပ်ရေးမှူးအများစု နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

သုံးခွမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်‌ရေးမှူး၂၀ကျော်ယနေ့ တစ်ပြိုင်တည်းနှုတ်ထွက်ကြောင်း ဒေသခံများက ပြောသည်။

သုံးခွမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TYF)က အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ရန် အောက်တိုဘာ ၇ရက်စွဲဖြင့် ထုတ်ပြန်ပြီးနောက် အုပ်ချုပ်ရေးမှူးအများစု နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

“မနေ့ကတည်းက TYF (သုံးခွမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့)က လျှပ်စစ်ရုံးနဲ့ အခွန်ရုံးကို ဖောက်ခွဲတယ်။ပြီးတော့ အုပ်ချုပ်ရေးမှူးတွေထွက်ဖို့ သတိပေးခဲ့တာ။အခု အပြိုင်အဆိုင် ထွက်နေကြပြီ”ဟု သုံးခွမြို့နေသူတစ်ဦးက ပြောသည်။

Public Service Announcement

နှုတ်ထွက်ခဲ့သည့် အုပ်ချုပ်ရေးမှူးများမှာ အဇန်းတော စွန်းကျေးရွာ၊ဇွဲထော်ကျေးရွာ၊အမှတ်(၁၁)ရပ်ကွက်၊အမှတ်(၁)ရပ်ကွက်၊အမှတ်(၂)ရပ်ကွက်၊အမှတ်(၃) ရပ်ကွက် ၊အမှတ်(၄)ရပ်ကွက်၊အမှတ် (၈) ရပ်ကွက်၊ အမှတ် (၉)ရပ်ကွက် ၊အမှတ်(၁၂)ရပ်ကွက်၊တကောကျေးရွာ နှင့် ဆယ်ရွာကျေးရွာ အုပ်ချုပ်ရေးမှူးများဖြစ်သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ရှိ မြို့နယ်များအနက် စစ်ကောင်စီလက်အောက်ရှိ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်နေကြပြီး ခရမ်းမြို့နယ်ရှိ ရပ်ကွက် ၁၃ခုနှင့် ကျေးရွာ ၁၂ ခုမှ အုပ်ချုပ်ရေးမှူးများသည် အောက်တိုဘာ ၆ ရက်က နှုတ်ထွက်စာတင်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။