Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက ၂ရက်အတွင်း ရဟတ်ယာဉ်ဖြင့်ခုနစ်ကြိမ် စစ်အင်အားဖြည့်တင်း

နိုဝင်ဘာ ၁၀ရက်နှင့် ၁၁ရက်အတွင်း စစ်ကောင်စီက ကျောက်မဲမြို့သို့ ရဟတ်ယာဉ်ဖြင့် ခုနစ်ကြိမ်ထက်မနည်း စစ်အင်အားဖြည့်တင်းလာကြောင်း TNLA၏ ထုတ်ပြန်ချက်အရ သိရသည်။

(ကျောက်မဲခရိုင် နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲစခန်းရှေ့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - CJ)
(ကျောက်မဲခရိုင် နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲစခန်းရှေ့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - CJ)

အာဏာသိမ်းစစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို ရဟတ်ယာဉ်များ အသုံးပြုပြီး စစ်အင်အားဖြည့်တင်းနေကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၀ရက်နှင့် ၁၁ရက်အတွင်း စစ်ကောင်စီက ကျောက်မဲမြို့သို့ ရဟတ်ယာဉ်ဖြင့် ခုနစ်ကြိမ်ထက်မနည်း စစ်အင်အားဖြည့်တင်းလာကြောင်း TNLA၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၀ရက်တွင် ပြည်ဦးလွင်မှ ကျောက်မဲသို့ Mi-17ထောက်ပို့ရဟတ်ယာဉ်ဖြင့် လူနှင့် လက်နက်ခဲယမ်း လေးကြိမ် သယ်ယူပို့ဆောင်ခဲ့သည်ဟု အသိပေးသည်။

ယမန်နေ့ နိုဝင်ဘာ ၁၁ရက်တွင်လည်း လားရှိးမှ ကျောက်မဲမြို့သို့ Mi-17 ထောက်ပို့ရဟတ်ယာဉ်ဖြင့် လူနှင့် လက်နက်ခဲယမ်း သုံးကြိမ် သယ်ယူပို့ဆောင်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် TNLA အပါအဝင် ညီနောင်မဟာမိတ် ၃ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသသို့ စစ်အင်အားဖြည့်တင်းရာ၌ မြေပြင်မှ ဖြည့်တင်းနိုင်ခြင်းမရှိဘဲ လေကြောင်းကိုသာ အားကိုးနေရသည်။

လားရှိုးမြို့နယ် မိုင်းကျက် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်စဉ်ကလည်း စစ်ကောင်စီက စစ်ကူနှင့် ရိက္ခာ၊ ခဲယမ်းများ မြေပြင်မှ မပို့နိုင်၍ လေယာဉ်ပေါ်မှ လေထီးဖြင့် ချပေးခဲ့ရသည်။

သို့ရာတွင် တအာင်းတပ်မတော်(TNLA)က အဆိုပါ မိုင်းကျက်စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

အလားတူ စစ်ကောင်စီတပ်သည် နောင်ချိုမြို့ဘက်မှ စစ်ဆင်အားဖြည့်ရန် မြေပြင်အင်အားအလုံးအရင်း၊ သံချပ်ကာယာဉ်များ အသုံးပြုပြီး စစ်ကူလာရောက်သော်လည်း TNLAနှင့် မန္တလေး PDF၏ တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဘဲ သံချပ်ကာယာဉ် စီးကို TNLAက တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဖြန့်ကျက်ပေးထားတဲ့ တိုက်လေယာဉ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အမေရိကန်က လျှော့ချသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။