Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့မရဲစခန်း သာသနာ့အလံစိုက်ထူ

ကျောက်မဲမြို့မရဲစခန်းအဝင်ဝ၌ သာသနာ့အလံစိုက်ထူထားသည်ကို ဒေသခံများက ယနေ့ (နိုဝင်ဘာ ၁ရက်) စတင်တွေ့ရှိခြင်းဖြစ်သည်။

(ကျောက်မဲမြို့မရဲစခန်းအတွင်း သာသနာ့အလံစိုက်ထူထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကျောက်မဲမြို့မရဲစခန်းအတွင်း သာသနာ့အလံစိုက်ထူထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️ဌာနဆိုင်ရာရုံးများအားလုံးလည်း ဆိုင်းဘုတ်ဖြုတ်ချထား

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှ ဌာနဆိုင်ရာရုံးများအားလုံး ဆိုင်းဘုတ်ဖြုတ်ချလိုက်ပြီး ဝန်ထမ်းများ မနေကြတော့သလို မြို့မရဲစခန်းကလည်း တိုက်ခိုက်မခံရစေရန် သာသနာ့အလံစိုက်ထူပြီး ရဲအားလုံး စွန့်ခွာသွားကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့မရဲစခန်းအဝင်ဝ၌ သာသနာ့အလံစိုက်ထူထားသည်ကို ဒေသခံများက ယနေ့ (နိုဝင်ဘာ ၁ရက်) စတင်တွေ့ရှိခြင်းဖြစ်သည်။

” ရဲစခန်းကအချုပ်သားတွေကို စစ်တပ်ထဲ ခေါ်ထတယ်။ ရဲ‌တွေအကုန်လုံးလည်း စကခ(၁)ထဲ သွားနေတယ်။သာသနာ့အလံက အန္တရာယ်ကင်းအောင်ထောင်ထားတာတဲ့။ သောက်ပိန်းတွေပါ”ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအဝင် ဌာနဆိုင်ရာရုံးများအားလုံးလည်း ၀ဆိုင်းဘုတ်များဖြုတ်ချလိုက်ပြီး ဝန်ထမ်းများအားလုံးမှာ ကျောက်မဲမြို့အခြေစိုက် အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -စကခ(၁) အတွင်း တိမ်းရှောင်နေကြသည်။

Public Service Announcement

Public Service Announcement

“ရုံးတွေရော စခန်းတွေမှာပါ အစောင့်တွေပဲချန်ထားပြီး ညဆိုမီးပိတ်ထားတယ်။ ဘာရုံးလုပ်ငန်းမှ မလုပ်နိုင်တော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျောက်မဲမြို့သည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နောင်ချိုမြို့နှင့် တဆက်တည်းရှိနေသော မြို့ဖြစ်သည်။ ကျောက်မဲမြို့တွင် လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း မြို့နယ်ပတ်ဝန်းကျင်၌ စစ်ရေးလှုပ်ရှားမှုများရှိနေသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်‌ကောင်စီက ‌ကျောက်မဲမြို့ပြင်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ ဝါယာရှော့ဖြစ်နေတဲ့ ကုန်တင်ကားတစ်စီးက ကျောက်မဲမြို့အဝင် တိုးဂိတ်အတွင်း ဝင်ရောက် စဉ် မီးကူးစက်လို့ တိုးဂိတ်ပါ မီးလောင်ကျွမ်းသွားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

Facebook