Connect with us

Hi, what are you looking for?

သတင်း

သီ​ပေါမြို့တွင်တိုက်ပွဲဖြစ်၊ ​ကျောက်မဲနှင့်သီ​ပေါကြားရှိကျင်သီတံတားကျိုး

ကျောက်မဲနှင့်သီပေါကြားရှိ ကျင်သီတံတားလည်း ကျိုးကျသွားပြီး အကြောင်းရင်းကိုမူ မသိရသေးကြောင်း ဒေသခံများကပြောသည်။

(​သီ​ပေါမြို့နှင့်​ကျောက်မဲ မြို့ အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)
(​သီ​ပေါမြို့နှင့်​ကျောက်မဲ မြို့ အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် ယနေ့နံနက်ပိုင်း တိုက်ပွဲဖြစ်နေပြီး ကျောက်မဲနှင့်သီပေါကြားရှိကျင်သီ ချောင်းကူးတံတားလည်း ကျိုးကျသွားကြောင်း ဒေသခံများကပြောသည်။

မဟာမိတ်အဖွဲ့တွေ မြို့ထဲအထိ ရောက်နေပြီလို့ကြားတယ်။ သေနတ်သံတွေ ကြားနေရတယ်။ တရုတ်သချိုင်းမှာ ကန်တော့မယ့်သူတွေတောင် ပြန်လှည့်လာကြရပြီ” ဟုမြို့ခံတစ်ဦးကပြောသည်။

ပစ်ခတ်သံများကို မြို့ပေါ်နေရာအများစုမှ ကြားနေရကြောင်း မြို့ခံများကပြောသည်။

ကျောက်မဲနှင့်သီပေါကြားရှိ ကျင်သီတံတားလည်း ကျိုးကျသွားပြီး အကြောင်းရင်းကိုမူ မသိရသေးကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အများစု၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကဦးဆောင်ပြီး စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်နေသည်။ စစ်ဆင်​ရေး ၁၆ ရက်တာအတွင် မြို့​ပေါင်း ၆ မြို့ကို သိမ်းပိုက်ခိန်းချုပ်ထားပြီး၊ စစ်စခန်း​ပေါင်း ၁၇၀ ခန့်ကို သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။