Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်တိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများဟု NUG ကာကွယ်ရေး ထုတ်ပြန်

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူများအား တနေကုန် အသုံးပြုလျက်ရှိကြောင်း ဖော်ပြသည်။

(ရေတာရှည်မြို့နယ်တိုကိပွဲတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သော ပြည်သူ့ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD)
(ရေတာရှည်မြို့နယ်တိုကိပွဲတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သော ပြည်သူ့ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD)

ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် ခမရ (၁၉)မှ ဗိုလ်မှူးတစ်ဦးအပါအဝင် သေဆုံးထိခိုက်များပြားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာအနောက်ဘက် အင်တိုင်းတောနှင့် ကျေးရွာစာသင်ကျောင်း၊ ဘုန်းကြီးကျောင်းဝန်းကျင်အနီးတွင် (၄) ရက်ခန့် တပ်ဖျောက်ထားသော အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပုဝါနီစစ် ကြောင်း၊ ကီကူးစစ်ကြောင်း၊ နပတ ရိုးမစစ်ကြောင်း၊ ၃၅၀၁ တပ်ရင်းမှ တပ်ခွဲ (၃ နှင့် ၄)၊ သံတောင်မြောက်ပိုင်း အထူးဒေသစစ်ကြောင်းတို့ က နိုဝင်ဘာ ၁၆ရက်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း ရန်သူ့ဘက်မှ စစ်ကောင်စီတပ်သား (၄၀)ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်(PDF)ဘက်မှ ရဲဘော် သုံးဦးကျဆုံးကာ ရှစ်ဦးဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

(ရေတာရှည်မြို့နယ်တိုကိပွဲတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သော ပြည်သူ့ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD)
(ရေတာရှည်မြို့နယ်တိုကိပွဲတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သော ပြည်သူ့ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD)

“နှစ်ရက်ဆက် ထိတွေ့မှုဖြစ်ပြီးတဲ့နောက်မှာ စကစဘက်က စစ်ရေးလှုပ်ရှားမှုနားနေတယ်။ ပွဲတွေလည်း နားနေတယ်”ဟု ယနေ့(နိုဝင်ဘာ ၁၉)နံနက်ပိုင်းအခြေနေကို PDF တပ်ရင်း ၃၅၀၁ မှ ရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

စစ်ကောင်စီတပ်မှ အလောင်းများနှင့် ဒဏ်ရာရသူများကို သုံးဘီး၊ လှေတို့ဖြင့် သယ်ထုတ်သွားကြောင်း ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းရရှိမှု ရှိမရှိ အခြေအနေကို သတင်းထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။ ထို့ပြင် တိုက်ပွဲသတင်းထုတ်ပြန်ရာ၌ တော်လှန်ရေးရဲဘော်များ၏ စစ်ရေးလှုပ်ရှားမှု နှင့် တိုက်ပွဲအတွင်းနေအိမ်ပျက်စီးမှု မှတ်တမ်းဓာတ်ပုံများကို ဖော်ပြသည်။

(ရေတာရှည်မြို့နယ်တိုကိပွဲတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သော ပြည်သူ့ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD)
(ရေတာရှည်မြို့နယ်တိုကိပွဲတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သော ပြည်သူ့ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD)

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူများအား တနေကုန် အသုံးပြုလျက်ရှိကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။