Connect with us

Hi, what are you looking for?

သတင်း

မြန်မာရောက် အိန္ဒိယ နိုင်ငံသားတွေ သံရုံးကို ဆက်သွယ် စာရင်းပေးထားဖို့ အိန္ဒိယ တိုက်တွန်း

နိုဝင်ဘာ ၂၁ ရက်တုန်းက ထုတ်ပြန်တဲ့ အကြံပြုချက်မှာတော့ နိုင်ငံသား အားလုံးဟာ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အလေးထား တုံ့ပြန် စီမံထားဖို့ ဖော်ပြထားပါတယ်။

(ရန်ကုန်မြို့လယ်ရှိ အိန္ဒိယသံရုံး ။ ဓါတ်ပုံ-အိန္ဒိယသံရုံး)
(ရန်ကုန်မြို့လယ်ရှိ အိန္ဒိယသံရုံး ။ ဓါတ်ပုံ-အိန္ဒိယသံရုံး)

မြန်မာနိုင်ငံရောက် အိန္ဒိယ နိုင်ငံသားတွေ အနေနဲ့ သံရုံးကို ဆက်သွယ်ပြီး စာရင်းသွင်း အသိပေးထားသင့်ကြောင်း အိန္ဒိယ အာဏာပိုင်တွေက တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာ ၂၁ ရက်တုန်းက ထုတ်ပြန်တဲ့ အကြံပြုချက်မှာတော့ နိုင်ငံသား အားလုံးဟာ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အလေးထား တုံ့ပြန် စီမံထားဖို့ ဖော်ပြထားပါတယ်။

အခုသီတင်းပတ် ကြေညာချက်မှာတော့ ကာလတို လာရောက်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေကလွဲလို့မြန်မာနိုင်ငံရောက် နိုင်ငံသားအားလုံး ရန်ကုန်မှာရှိတဲ့ အိန္ဒိယ သံရုံးမှာ စာရင်းသွင်း မှတ်ပုံတင်ထားကြဖို့ အိန္ဒိယက တိုက်တွန်းထားတာ တွေ့ရပါတယ်။

အဲဒီလို ကြိုတင် ဆက်သွယ် စာရင်းသွင်းထားတဲ့အခါ အရေးပေါ် အခြေအနေ တစ်ခုခု ကြုံလာတာနဲ့ သံရုံး တာဝန်ရှိသူတွေက လိုအပ်တဲ့ အကူအညီတွေပေးဖို့ တုံ့ပြန် ဆောင်ရွက်မှုတွေကို လွယ်ကူ လျင်မြန်စေလိမ့်မယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သံရုံးဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ မှတ်ပုံတင် ပုံစံကို Downloadယူပြီး အချက်အလက်တွေ ဖြည့်ပေးကြဖို့လည်း မြန်မာနိုင်ငံရောက် အိန္ဒိယ နိုင်ငံသားတွေကို ဝန်ကြီးဌာနက တိုက်တွန်း အကြံပြုခဲ့ပါတယ်။ နောက်ပြီး မိသားစုဝင် တစ်ဦးချင်းစီရဲ့ ရောင်စုံ ပတ်စ်ပို့ဓာတ်ပုံ နှစ်ပုံစီကိုပါ လိုအပ်တဲ့ အခြေအနေမှာ တိုက်ဆိုင် စစ်ဆေးနိုင်အောင် ထည့်သွင်းပေးကြဖို့ အကြံပြုထားပါတယ်။ အဲဒီ စာရင်းသွင်းမှုအတွက် အခကြေးငွေ ပေးဆောင်ဖို့ မလိုဘူးလို့လည်း ဆိုပါတယ်။

အိန္ဒိယဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း နိုင်ငံနယ်စပ်နားမှာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံ အနောက်ပိုင်း နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့နောက် အိန္ဒိယဖက်ခြမ်း မီဇိုရမ် ပြည်နယ်ထဲ စစ်ရှောင်ပြည်သူ ထောင်နဲ့ချီ ဝင်ရောက်လာတဲ့ အခြေအနေကို အိန္ဒိယက တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ကြေညာချက်မှာ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ စတင်ဖို့လည်း ထည့်သွင်း တိုက်တွန်းထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။