Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့နယ်တွင် နွံနစ်နေသည့် စစ်ကောင်စီ ထွေလာဂျီနှစ်စီးကို PDFများ တိုက်ခိုက်

ယမန်နေ့ (နိုဝင်ဘာ ၂၁ ရက်) ညနေ ၃နာရီခန့်က ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်၏ ထွေလာဂျီ နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း ငါန်းဇွန်(ပကဖ)အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ငါန်းဇွန်(ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ငါန်းဇွန်ပကဖ
ငါန်းဇွန်(ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ငါန်းဇွန်ပကဖ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ထွေလာဂျီနှစ်စီး နွံနစ်နေစဥ် မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ ၂၁ ရက်) ညနေ ၃နာရီခန့်က ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်၏ ထွေလာဂျီ နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း ငါန်းဇွန်(ပကဖ)အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အင်အား ၄၀လောက်ပါတယ်။ ထွေလာဂျီကနှစ်စီး။ မြေတိုင်းရွာဘက်က ထွက်လာတာ။စစ်ကြောင်းထိုးလှည့်တာ။ ဗွက်နစ်လို့ဆင်းတွန်းနေတုန်းထိသွားတာ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

သို့သော် ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ယင်းစစ်ဆင်ရေးကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ငါန်းဇွန်(ပကဖ)၊ ရွှေဂျိုးဖြူ ပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပြောက်ကျားအဖွဲ့၊ လက်ရုံးပြောက်ကျားအဖွဲ့၊ ငန်းနက် ပြောက်ကျားအဖွဲ့၊ အားမာန်သစ်ပြောက်ကျားအဖွဲ့နှင့် ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ နံနက် ၉ နာရီခန့်ကလည်း ငါန်းဇွန်မြို့နယ်ရှိ နတ်ကြီးကျေးရွာ အလယ်တန်းကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် ရေဇင်းရွာသို့ ပြောင်းရွေ့သွားကြောင်း၊ ယင်းနေရာအား ဝင်ရောက်ရှင်းလင်းခဲ့ရာ မှတ်ပုံတင် ၃ ခု၊ လက်ထိပ် ၁စုံ၊ ဖုန်းမှန်ကွဲ ၂လုံး၊ စစ်ယူနီဖောင်း ၈ စုံ သိမ်းဆည်းရမိခဲ့ကြောင်း ငါန်းဇွန်(ပကဖ) ကအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook