Connect with us

Hi, what are you looking for?

သတင်း

လောက်ကိုင်ကို ဆက်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုနေ၍ အထူးဂရုပြုရန် MNDAA သတိပေး

MNDAAအနေဖြင့် နိုဝင်ဘာ ၂၂ ရက်မှ၂၃ ရက်အထိ လောက်ကိုင်ဒေသရှိ စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ ၃၀၀၀ ကျော်ကို ချင်းရွှေဟော်ဒေသမှတစ်ဆင့် လုံခြုံဘေးကင်းသည့်နေရာသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း ဖော်ပြထားသည်။

(MNDAAမှ စစ်ဘေးရှောင်ဒုက္ခသည်များကို သောက်ရေနှင့်စားစရာထုတ်ဝေပေးနေစဉ်။ ဓာတ်ပုံ - The Kokang)
(MNDAAမှ စစ်ဘေးရှောင်ဒုက္ခသည်များကို သောက်ရေနှင့်စားစရာထုတ်ဝေပေးနေစဉ်။ ဓာတ်ပုံ - The Kokang)

စစ်ကောင်စီက လူမဆန်သောလုပ်ရပ်နှင့် ကြမ်းတမ်းသောလုပ်ရပ်များလုပ်ဆောင်နေ၍ လောက်ကိုင်ဒေသမှ ဒုက္ခသည်များသည် စစ်ကောင်စီ၏ လူသားဒိုင်းကာမဖြစ်စေရန် အထူးဂရုပြုသတိထားရမည်ဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတိပေးထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၉ ရက်တွင် MNDAAစစ်ရေးကော်မတီမှ လောက်ကိုင်ဒေသရှိပြင်ပလူထုများအား စစ်မြေပြင်မှ လျင်မြန်စွာထွက်ခွာရန် အသိပေးထုတ်ပြန်ခဲ့ရာ လောက်ကိုင်ဒေသရှိ ပြင်ပလူထုနှင့် ဗမာလူမျိုးဒုက္ခသည် များလည်း လျင်မြန်စွာ ထွက်ခွာခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ရုပ်သေးအဖွဲ့သည် လောက်ကိုင်ဒေသကိုဆက်လက်ထိန်းချုပ်နိုင်ရန်အတွက် လမ်းကြောင်းများကို ဖျက်ဆီးခဲ့ပြီး ဒေသခံများအားမြို့ထဲတွင် ပိတ်ဆို့စေခဲ့ကြောင်း ဖော်ပြသည်။

(MNDAAမှ စစ်ဘေးရှောင်ဒုက္ခသည်များကို သောက်ရေနှင့်စားစရာထုတ်ဝေပေးနေစဉ်။ ဓာတ်ပုံ - The Kokang)
(MNDAAမှ စစ်ဘေးရှောင်ဒုက္ခသည်များကို သောက်ရေနှင့်စားစရာထုတ်ဝေပေးနေစဉ်။ ဓာတ်ပုံ – The Kokang)

နောက်တစ်နည်းအားဖြင့် ထွက်ပြေးတိမ်းရှောင် သော ဒုက္ခသည်များကို လူသားဒိုင်းကာလုပ်၍ ရှေ့ကသွားစေပြီး စစ်ကောင်စီတပ်က နောက်ကနေရုပ်ဖြတ် ပြီးလိုက်ပါကာ MNDAAကို တန်ပြန်တိုက်ခိုက်ရန် ကြံရွယ်ခဲ့သည် ထုတ်ပြန်ချက်၌ ပါရှိသည်။

ထို့ပြင် လောက်ကိုင်မြို့တွင် ဗမာဒုက္ခသည်ယာဉ် တစ်စီးအား စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ကလေးငယ် အပါအဝင် ကားပေါ်ရှိ ဒုက္ခသည် ၁၄ဦးလုံး သေဆုံးခဲ့ရကြောင်း၊ ယင်းဖြစ်ရပ်တွင် စစ်ကောင်စီ၏ ကြမ်းတမ်း ရက်စက် မှုနှင့် လူမဆန်မှုများကို တွေ့မြင်နိုင်ကြောင်း MNDAAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(MNDAAမှ စစ်ဘေးရှောင်ဒုက္ခသည်များကို သောက်ရေနှင့်စားစရာထုတ်ဝေပေးနေစဉ်။ ဓာတ်ပုံ - The Kokang)
(MNDAAမှ စစ်ဘေးရှောင်ဒုက္ခသည်များကို သောက်ရေနှင့်စားစရာထုတ်ဝေပေးနေစဉ်။ ဓာတ်ပုံ – The Kokang)

MNDAAက လမ်းကြောင်းဖွင့်ပြီး ပိတ်ဆို့ခံနေရသော ဒုက္ခသည်များကို ချင်းရွှေဟော်ဒေသဘက်သို့ ကယ်ထုတ်‌‌နေချိန်တွင် စစ်ကောင်စီနှင့် ကိုးကန့်ရုပ်သေးအဖွဲ့(ပယ်စောင့်ချိန်) တို့က ဒုက္ခသည်ကို လူသားဒိုင်းအဖြင့် အသုံးပြုကာ လောက်ကိုင်တုန်းချိန်ဒေသ လေးမျက်နှာစေတီကုန်းပေါ်ရှိ MNDAAကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းဖြစ်ရပ်တွင် MNDAAမှ အပြစ်မဲ့ပြည်သူများထိခိုက်မှု၊ကျဆုံးမှုများမရှိစေရန်အတွက် ခုခံတိုက်ခိုက်ခဲ့ခြင်းမရှိခဲ့၍တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

(MNDAAမှ စစ်ဘေးရှောင်ဒုက္ခသည်များကို သောက်ရေနှင့်စားစရာထုတ်ဝေပေးနေစဉ်။ ဓာတ်ပုံ - The Kokang)
(MNDAAမှ စစ်ဘေးရှောင်ဒုက္ခသည်များကို သောက်ရေနှင့်စားစရာထုတ်ဝေပေးနေစဉ်။ ဓာတ်ပုံ – The Kokang)

MNDAAအနေဖြင့် နိုဝင်ဘာ ၂၂ ရက်မှ၂၃ ရက်အထိ လောက်ကိုင်ဒေသရှိ စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ ၃၀၀၀ ကျော်ကို ချင်းရွှေဟော်ဒေသမှတစ်ဆင့် လုံခြုံဘေးကင်းသည့်နေရာသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း ဖော်ပြထားသည်။

MNDAAမှ ရှေ့တန်းအရာရှိရဲဘော်များသည်လည်း လုံခြုံရေးအရ ဒုက္ခသည်တို့ကို သေချာစွာစိစစ်ရန်နှင့် စစ်ကောင်စီများမပါလာရေး အထူးဂရုစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း MNDAAက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။