Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနှင့် ငါန်းဇွန်နယ်တွင် စစ်ကြောင်းများတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်က နေအိမ်များမီးရှို့ဖျက်ဆီး

နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းကလည်း မြင်းခြံမြို့နယ်၊ ကိုင်းရွာစခန်းအား ဒေသတွင်းPDFများက တိုက်ခိုက်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်က ကိုင်းရွာဝန်းကျင်နှင့် ဧရာဝတီမြစ်ဘေးရွာများအား စစ်ကြောင်းထိုးသောင်းကျန်းနေခြင်းဖြစ်သည်။

(အောင်သုခကျွန်း(ခ)ဂျပန်ကျွန်းပေါ်ရှိ နေအိမ်များ မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှမြင်တွေ့ရစဥ်။ ဓာတ်ပုံ-File Photo)
(အောင်သုခကျွန်း(ခ)ဂျပန်ကျွန်းပေါ်ရှိ နေအိမ်များ မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှမြင်တွေ့ရစဥ်။ ဓာတ်ပုံ-File Photo)

မန္တလေးတိုင်း၊ မြင်းခြံနှင့် ငါန်းဇွန်မြို့နယ်ရှိ ဧရာဝတီမြစ်ဘေးနှင့် ကျွန်းပေါ်ကျေးရွာများအား စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အထိနာသွား၍ ကံသာကျွန်းပေါ်ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၄ ရက်)နံနက် ၈ နာရီခွဲခန့်က ငါန်းဇွန်မြို့နယ်၊ ကံသာကျွန်းကို လာသည့်စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ဦးသေဆုံးကြောင်း ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

“စစ်ကြောင်းက လင်္ကါဒီပနဲ့ မြောက်ကျွန်းနဲ့ အဲဘက်ကနေလာတဲ့စစ်ကြောင်းပါ။ နှစ်ကြောင်းပေါင်းပြီးတော့မှ အောင်သာကျွန်းမှာစုတယ်။ စုပြီးမှကံသာကျွန်းပေါ်ကိုဝင်တာ။”ဟု ငါန်းဇွန်(ပကဖ)၏ တာဝန်ရှိသူက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်က အောင်သုခကျွန်း(ခ)ဂျပန်ကျွန်းပေါ်သို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်၂၀မှ ၃၀ကြား ပျက်စီးဆုံးရှုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ (နိုဝင်ဘာ ၂၅ ရက်) နံနက် ၉ နာရီခွဲခန့်ကလည်း မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှ လာသော အင်အား ၃၀ ခန့်ပါ စစ်ကောင်စီ၏ ယာဥ်တစ်စီးအား ဆီမီးခုံ – တလုပ်လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဂျိုးဖြူ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“ဆီမီးခုံမြို့ကနေ ကျားတိုင်းရွာဘက် သွားတာပါ။ ကိုင်းရွာ တိုက်ပွဲနောက်ပိုင်း ခြေရှုပ်နေကြတာ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်နယ် စစ်ဆင်ရေးကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ငါန်းဇွန်မြို့နယ်ပကဖ )၊ T.G.R people defence force မြောင်မြို့နယ် T.G.R၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊

Black Eagle Defence Force – MMU၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူပြောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပြောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ငန်းနက် ပြောက်ကျားအဖွဲ့၊ အားမာန်သစ်ပြောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြင်းခြံနယ် စစ်ဆင်ရေးအား ရွှေဂျိုးဖြူ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myingyan Pitohui – 9၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့၊ PDF – Taloke၊ ဒေါင်းမင်းတမန်ပြောက်ကျားတပ်ဖွဲ့ – MGNတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းကလည်း မြင်းခြံမြို့နယ်၊ ကိုင်းရွာစခန်းအား ဒေသတွင်းPDFများက တိုက်ခိုက်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်က ကိုင်းရွာဝန်းကျင်နှင့် ဧရာဝတီမြစ်ဘေးရွာများအား စစ်ကြောင်းထိုးသောင်းကျန်းနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။