Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် မင်္ဂလာဆောင်လုံခြုံရေးယူ​ပြန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၆ ဦးခန့်သေဆုံးနိုင်ကြောင်း ကင်းထောက်များ၏ ပြောပြချက်အရ သိရသည်။

(အာဏာသိမ်းစကာလက မြင်းခြံမြို့ပေါ်တွင် ဆန္ဒပြပြည်သူမျာအား အကြမ်းဖက်ခဲ့သည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)
(အာဏာသိမ်းစကာလက မြင်းခြံမြို့ပေါ်တွင် ဆန္ဒပြပြည်သူမျာအား အကြမ်းဖက်ခဲ့သည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် မင်္ဂလာဆောင်တစ်ခုအား လုံခြုံရေးယူ​ပေးပြီး ပြန်လာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၄ ရက်)နံနက် ၆ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ချေဆေးရွာရှိ မင်္ဂလာဆောင်တစ်ခုအား လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကောင်စီတပ်အားချေဆေးနှင့် ကွမ်းစိုက်ကျေးရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Natogyi Regional Defence Force တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“မင်္ဂလာဆောင်က သူတို့ကို(စစ်သားတွေကို)ပိုက်ဆံပေးပြီးခေါ်ထားတာ။ ဆောင်တဲ့သူတွေက စစ်တပ်အနွယ်ဝင်တော့မဟုတ်ဘူး။ မိုင်းထိပြီး ကားကထိုးရပ်သွားတယ်။ ပြန်မပစ်နိုင်ဘူး။ သူတို့က ဗျူဟာ၊ ကွမ်းစိုက်၊ ချေဆေး သုံးရွာပတ်နေနေတဲ့ ကောင်တွေပါ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၆ ဦးခန့်သေဆုံးနိုင်ကြောင်း ကင်းထောက်များ၏ ပြောပြချက်အရ သိရသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲခန့်ကလည်း မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာအနီး စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦး သေဆုံးကြောင်း မြင်းခြံခရိုင် အမှတ်(၆)တပ်ရင်း တပ်ခွဲ(၁)နောင်ရိုးအထူးပြောက်ကျားတပ် NYSGF၏ တာဝန်ခံက ပြောသည်။

“ကိုင်းရွာဘက်ကနေ ခြေလျင်တက်လာတဲ့ စစ်ကြောင်းကို အမိအရဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တာပါ။”ဟု NYSGF၏ တာဝန်ခံက ပြောသည်။

ထိခိုက်သေဆုံးသူများအား Faw ကားတစ်စီးဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု ၎င်းကဆိုသည်။

အဆိုပါ စစ်ဆင်​ရေးအား “မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်”ဟုအမည်ပေးထားပြီး မြင်းခြံခရိုင် အမှတ်(၆)တပ်ရင်း တပ်ခွဲ(၁)နောင်ရိုးအထူးပြောက်ကျားတပ် NYSGF နှင့် မြင်းခြံခရိုင် အမှတ်(၂)တပ်ရင်း Taloke PDF၊ Myingyan MP9၊ ရွှေဂျိုးဖြူမဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။