Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံတွင် မင်္ဂလာဆောင်လုံခြုံရေးယူ​ပြန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၆ ဦးခန့်သေဆုံးနိုင်ကြောင်း ကင်းထောက်များ၏ ပြောပြချက်အရ သိရသည်။

(အာဏာသိမ်းစကာလက မြင်းခြံမြို့ပေါ်တွင် ဆန္ဒပြပြည်သူမျာအား အကြမ်းဖက်ခဲ့သည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)
(အာဏာသိမ်းစကာလက မြင်းခြံမြို့ပေါ်တွင် ဆန္ဒပြပြည်သူမျာအား အကြမ်းဖက်ခဲ့သည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် မင်္ဂလာဆောင်တစ်ခုအား လုံခြုံရေးယူ​ပေးပြီး ပြန်လာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၄ ရက်)နံနက် ၆ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ချေဆေးရွာရှိ မင်္ဂလာဆောင်တစ်ခုအား လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကောင်စီတပ်အားချေဆေးနှင့် ကွမ်းစိုက်ကျေးရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Natogyi Regional Defence Force တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“မင်္ဂလာဆောင်က သူတို့ကို(စစ်သားတွေကို)ပိုက်ဆံပေးပြီးခေါ်ထားတာ။ ဆောင်တဲ့သူတွေက စစ်တပ်အနွယ်ဝင်တော့မဟုတ်ဘူး။ မိုင်းထိပြီး ကားကထိုးရပ်သွားတယ်။ ပြန်မပစ်နိုင်ဘူး။ သူတို့က ဗျူဟာ၊ ကွမ်းစိုက်၊ ချေဆေး သုံးရွာပတ်နေနေတဲ့ ကောင်တွေပါ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၆ ဦးခန့်သေဆုံးနိုင်ကြောင်း ကင်းထောက်များ၏ ပြောပြချက်အရ သိရသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲခန့်ကလည်း မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာအနီး စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦး သေဆုံးကြောင်း မြင်းခြံခရိုင် အမှတ်(၆)တပ်ရင်း တပ်ခွဲ(၁)နောင်ရိုးအထူးပြောက်ကျားတပ် NYSGF၏ တာဝန်ခံက ပြောသည်။

“ကိုင်းရွာဘက်ကနေ ခြေလျင်တက်လာတဲ့ စစ်ကြောင်းကို အမိအရဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တာပါ။”ဟု NYSGF၏ တာဝန်ခံက ပြောသည်။

ထိခိုက်သေဆုံးသူများအား Faw ကားတစ်စီးဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု ၎င်းကဆိုသည်။

အဆိုပါ စစ်ဆင်​ရေးအား “မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်”ဟုအမည်ပေးထားပြီး မြင်းခြံခရိုင် အမှတ်(၆)တပ်ရင်း တပ်ခွဲ(၁)နောင်ရိုးအထူးပြောက်ကျားတပ် NYSGF နှင့် မြင်းခြံခရိုင် အမှတ်(၂)တပ်ရင်း Taloke PDF၊ Myingyan MP9၊ ရွှေဂျိုးဖြူမဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။