Connect with us

Hi, what are you looking for?

သတင်း

မူဆယ်နှင့် နမ့်ဖက်ကာကြားရှိ စစ်ကောင်စီစခန်း ကို ညီနောင်သုံးဖွဲ့ သိမ်းပိုက်၊ လက်နက်ခဲယမ်းများစွာရ

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် စစ်ကောင်စီတပ်စခန်း အခြေအနေကိုလည်း ရုပ်သံတွင်တွေ့ရပြီး တော်လှန်ရေးရဲဘော်များက စစ်ကောင်စီစခန်းမှ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်များကို စုစည်းနေသည်ကို တွေ့ရသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw Kasa)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw Kasa)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဒီမနက် နမ့်ဖက်ကာနဲ့ မူဆယ်ကြား ပြည်ထောင်စုလမ်းမပေါ်ရှိ မုံးပေါ်ချောင်း တံတား စခန်းကုန်းကို ညီနောင်သုံးဖွဲ့အပြီး အစီးတိုက်ခိုက် သိမ်းနိုင်ခဲ့ပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

သတင်းရင်းမြစ်ကပြသသည့် ရုပ်သံမှတ်တမ်းတွင် တော်လှန်ရေးရဲဘော်တစ်ဦးက “ဒါတောင်မကုန်သေးဘူးနော် ပစ္စည်းတွေ။ ဒီအထဲမှာလည်း ကျည်တွေအများကြီးကျန်သေးတယ်ကျည်ပုံးတွေ ၊ ကျည်ပုံးတွေ”ဟု ပြောကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိမှု အခြေအနေကို ပြောကြားခဲ့သည်။

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် စစ်ကောင်စီတပ်စခန်း အခြေအနေကိုလည်း ရုပ်သံတွင်တွေ့ရပြီး တော်လှန်ရေးရဲဘော်များက စစ်ကောင်စီစခန်းမှ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်များကို စုစည်းနေသည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရရှခဲ့သည့် လက်နက်များတွင် လက်နက်ကြီးအချို့လည်းပါဝင်ပြီးလက်နက်ငယ် ၁၀လက်ထက်မနည်းကိုလည်း ရုပ်သံ၌ တွေ့ရသည်။

ညီနောင်မဟာမိတ်တပ်များသည် ရှမ်းပြည်နယ်မြောက်၌ စစ်ကောင်စီတပ်စခန်း ၂၃၀ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။