Connect with us

Hi, what are you looking for?

News

ဖာပွန်မှာစစ်​ကောင်စီခန့်အုပ်ကြီးတစ်ဦးပစ်သတ်ခံရ

ဒီကနေ့ မနက် ၈ နာရီကျော်အချိန်က ဖာပွန်ခရိုင် ကမမောင်းမြို့ အမှတ် ၃ ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းအောင်ဟာ ဈေးကနေအပြန် နေအိမ်ရှေ့အရောက်မှာ လူနှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ လေးချက်ပစ်ခတ်သွားခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

People's Spring
People's Spring

ကရင်ပြည်နယ်ထဲ စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှုးတစ်ဦး​ သေနတ်နဲ့ပစ်ခံရပြီး​သေဆုံးသွားပါတယ်။

ဖာပွန်ခရိုင် ကမမောင်းမြို့မှာ ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။ အဲဒီ အုပ်ချုပ်ရေးမှူးကို ဆိုင်ကယ်နဲ့လူနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီကနေ့ မနက် ၈ နာရီကျော်အချိန်က ဖာပွန်ခရိုင် ကမမောင်းမြို့ အမှတ် ၃ ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းအောင်ဟာ ဈေးကနေအပြန် နေအိမ်ရှေ့အရောက်မှာ လူနှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ လေးချက်ပစ်ခတ်သွားခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

” ပြောပုံအရ မနက်ဈေးကိုလာပြီး အပြန်မှာ သူ့နောက်ကိုလိုက်လာတာ ။ သူ့အိမ်ထိရောက်ပြီးမှ ပစ်တယ်။ ပစ်ပြီးတာနဲ့ တောထဲဘက်ကို ပြန်ထွက်သွားတယ် ဆိုင်ကယ်နဲ့ ။ သူ့ကိုပဲမကျေနပ်တာလား တစ်ခုခုလား။ စကားများတာရှိတာလား လောလောဆယ်တော့မသိသေးဘူး။ သူ့အိမ်က တောရကျောင်းအဝင်ဘက်မှာ။ သေနတ်က တကယ့်အကောင်းစား။ အရာရှိတွေကိုင်တဲ့သေနတ်မျိုး။ ကျည်ဆံအခွံကို ကြည့်ပြီးပြောတာ။ သေနတ်က အသံတိုးတယ်။ ကပ်ပြီးတော့ ပစ်တာ” လို့ ကမမောင်းမြို့ခံတစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကမမောင်းမြို့ပေါ်မှာ အခုလို စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်နဲ့ လုပ်ကြံပစ်ခတ် သတ်ဖြတ်သွားတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ မြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကမမောင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဗျုဟာတပ်စခန်းတစ်ခုရှိနေပြီး စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် အမှတ် ၁၀၁၄ တပ်ရင်းတည်ရှိရာမြို့လည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ နဘဲပင်ကျေးရွာမှာ စစ်မှုထမ်းကြေးကောက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။