Connect with us

Hi, what are you looking for?

သတင်း

လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာသူကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်သိန်း ၄၀ ချီးမြှင့်

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အသက်မွေးဝမ်းကြောင်း အတွက် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MOD)မှ ကျပ်သိန်း ၄၀ဆုချီးမြှင့်ခဲ့ကြောင်း အသိပေးဖော်ပြသည်။

(လက်နက်ဖြင့် အလင်းဝင်လာသော ရဲတပ်ကြပ် မင်းနောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - MOD)
(လက်နက်ဖြင့် အလင်းဝင်လာသော ရဲတပ်ကြပ် မင်းနောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - MOD)

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခေါဇာမြို့နယ်ခွဲရဲစခန်းမှ ရဲတပ်ကြပ် မင်းနောင်သည် လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာ ကွယ်ရေးဝန်ကြီးဌာနက ကျပ်သိန်း ၄၀ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ယနေ့(ဒီဇင်ဘာ ၃) ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သောကြောင့် ရဲတပ်ကြပ်မင်းနောင်သည် G3 သေနတ်တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ကျည် (၁၀၀)ဖြင့် နိုဝင် ဘာ ၂၅ ရက်တွင် ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ဒေါနစစ်ကြောင်း တပ်ခွဲ(၃)ထံ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခြင်း ဖြစ်သည်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အသက်မွေးဝမ်းကြောင်း အတွက် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MOD)မှ ကျပ်သိန်း ၄၀ဆုချီးမြှင့်ခဲ့ကြောင်း အသိပေးဖော်ပြသည်။

“အခုလက်ရှိတော့ NUG ကိုတင်ပြထားပါတယ်။ လုပ်ရိုးလုပ်စဥ်အတိုင်း ဆက်လုပ်သွားပါမယ်”ဟု အလင်းဝင်လာသူနှင့်စပ်လျဥ်းပြီး ဆောင်ရွက်ထားသည့်အခြေအနေကို ရေးပြောက်ကျားတပ်ဖွဲ့(YGF)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒေါနစစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် အလင်းဝင်ရောက် လာသူများအား ကာကွယ်စောင့်ရှောက်မှုများ ၊ ရသင့်ရထိုက်သည့်အခွင့်အရေးများကို ပေးအပ်ထားပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကျန်ရှိနေသေးသည့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်သားများ၊ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ၊ လက်ပါးစေများအားလည်း အချိန်မီပြည်သူ့ရင်ခွင်ကို‌ခိုလှုံရန် တိုက်တွန်းထားပြီး တိုက်ပွဲအတွင်း လက်နက်ချသည့်အခါ သုံ့ပန်းဥပဒေများနှင့်အညီ ကျင့်သုံးသွားမည်ဟု အသိပေးသည်။

ထို့ကြောင့် ထပ်မံအလင်းဝင်ရောက်လိုသူများရှိပါက မဟာမိတ်အင်အားစုများဖြစ်သည့် ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့(YGF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ YAF၊ YDF၊ ABSDF တပ်ရင်း(၁)၊နှင့် MSROတပ်များထံသို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။