Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်တွင် KNLA/PDF ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် လေးဦးသေ

အဆိုပါတိုက်ပွဲမှာ ၁၀မိနစ်ခန့်သာ ကြာမြင့်သော်လည်း စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

(မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များ စစ်ဆေးနေစဥ်။ ဓာတ်ပုံ - J.O.C)

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အပြင်စခန်းကြီးကျေးရွာအနီး၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့သည်ဟု PDF တောင်ပိုင်းတိုင်း စစ်ဒေသခွဲ(၃)ဒုစစ်ဒေသခွဲမှူးရုံးက သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၂ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်မှ အင်အား ၂၀ခန့်ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါတိုက်ပွဲမှာ ၁၀မိနစ်ခန့်သာ ကြာမြင့်သော်လည်း စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

(မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များ စစ်ဆေးနေစဥ်။ ဓာတ်ပုံ - J.O.C)
(မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များ စစ်ဆေးနေစဥ်။ ဓာတ်ပုံ – J.O.C)

ဖြစ်စဉ်မှာ KNLA၊ PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ နံနက် ၉ နာရီခန့်တွင်အပြင်စခန်းကြီးရွာအနီးရှိမော်လမြိုင်- ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီး၌ လုံခြုံရေးရယူစစ်ဆေးစဉ် စစ်ကောင်စီက လက်နက်ကြီးဖြင့် သုံးချက် ရမ်းပစ်ခတ်ခဲ့ကြောင်း၊ပူးပေါင်းတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာပြီး အပြင်စခန်းကြီးရွာအနီး ဘုရားကုန်းတွင် လုံခြုံရေးယူ တပ်ဖြန့်စောင့်ဆိုင်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ခန့် ချဉ်းကပ်လာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

(မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များ စစ်ဆေးနေစဥ်။ ဓာတ်ပုံ - J.O.C)
(မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များ စစ်ဆေးနေစဥ်။ ဓာတ်ပုံ – J.O.C)

အဆိုပါတိုက်ပွဲ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်က ထိခိုက်ဒဏ်ရာရမှုမရှိဟု အထုတ်ပြန်သည်။

မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက လုံခြုံရေးရယူစစ်ဆေးဆောင်ရွက်ခြင်းကို နေ့စဉ် ပြုလုပ်လျက်ရှိသည်ဟုဆိုသည်။

(မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များ စစ်ဆေးနေစဥ်။ ဓာတ်ပုံ - J.O.C)
(မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များ စစ်ဆေးနေစဥ်။ ဓာတ်ပုံ – J.O.C)

ထို့အပြင် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်နှင့် မြိတ်လမ်းပိုင်း၌ သွားလာနေသည့် မော်တော်ယာဉ်များ အနေဖြင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ စစ်ဆေးမှုကို ကြည်ဖြူစွာ လက်ခံရန်၊ စစ်ကောင်စီနှင့် ပတ်သက်သည့် လူ၊ ပစ္စည်းများ တင်ဆောင်ခြင်းမပြုရန်လည်း ထုတ်ပြန်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ယာဉ်များနှင့် လိုက်ပါစီးနင်းခြင်း မပြုလုပ်ရန်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အသုံးပြုသည့် ယာဉ်များလည်း ကြည်ဖြူစွာ အစစ်ဆေးခံရန် ထပ်မံတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။