Connect with us

Hi, what are you looking for?

သတင်း

မြို့ပေါ်၌ စစ်ကောင်စီတပ်ကို ပြောက်ကျားတိုက်ခိုက်ခြင်းအပြင် ပူးပေါင်းစစ်ဆင်ရေးတွင်လည်း မင်းတပ် CDF ပါဝင်တိုက်ပွဲဝင်နေ

ပြည်သူများမြင်ချင်နေသည့် တိုက်ပွဲများဆင်နွှဲလျက်ရှိနေကြသည့် CDF-Mindat အတွက် အထူးဆုတောင်းပေးကြရန် CDF မင်းတပ် သတင်းပြန်ကြားရေးက ယနေ့နံနက်တွင် ထုတ်ပြန်ခဲ့သည်။

(မင်းတပ် CDF မှ ရဲဘော်များအား တွေ့ရစဉ်။ဓာတ်ပုံ - CDF)
(မင်းတပ် CDF မှ ရဲဘော်များအား တွေ့ရစဉ်။ဓာတ်ပုံ - CDF)

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များအား ချင်းဒေသကာကွယ်ရေးတပ်(CDF) မင်းတပ် ရဲဘော်များက ပြောက်ကျားတိုက်ခိုက်မှု လုပ်ဆောင်နေသကဲ့သို့ CDF မင်းတပ် အနေဖြင့် အခြားတော့ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်ပူးပေါင်းပြီးလည်းစစ်ကောင်စီတပ်ကို တိုက်ခိုက် လျက်ရှိနေသည်ဟု ဒေသသတင်းရင်းမြစ်အချို့က ပြောသည်။

ပြည်သူများမြင်ချင်နေသည့် တိုက်ပွဲများဆင်နွှဲလျက်ရှိနေကြသည့် CDF-Mindat အတွက် အထူးဆုတောင်းပေးကြရန် CDF မင်းတပ် သတင်းပြန်ကြားရေးက ယနေ့နံနက်တွင် ထုတ်ပြန်ခဲ့သည်။

ယနေ့ ထုတ်ပြန်ချက်၌တိုက်ပွဲဖြစ်စဉ် အသေးစိတ် အခြေအနေများကို ဖော်ပြမထားပေ။

“CDF မင်းတပ်က ယောဘက်မှာဖြစ်မယ်ထင်တယ်။ မနေ့က စ စစ်ဆင်ရေးလုပ်တဲ့ဟာလေ။ ယောဘက်မှာ သူတို့ ပူးပေါင်းစစ်ဆင်ရေးဖြစ်မယ်ထင်တယ်။ မနေ့က တိုက်ပွဲဖြစ်တာ မင်းတပ် CDF ရဲဘော် တိုက်ပွဲကျတာ၊ ဒဏ်ရာရတာတွေတော့ရှိတယ်”ဟု မင်းတပ်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

မင်းတပ် ဒေသခံကလည်း “တခြားနယ်ဘက်မှာ စစ်ကူသွားတာ ထင်တယ်။ အသေးစိတ် မသိရသေးဘူး”ဟု CDF မင်းတပ်သတင်းပြန်ကြားရေး ၏ တိုက်ပွဲဝင်မှု သတင်းထုတ်ပြန်ချက် အပေါ် ပြောပြသည်။

မင်းတပ် CDF ကွန်မန်ဒိုတပ်ဖွဲ့အနေဖြင့်လည်း ယမန်နေ့ မွန်းလွဲပိုင်းကလည်း မင်းတပ်မြို့ပေါ်၌ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ကွန်မန်ဒိုတပ်ဖွဲ့ တာဝန်ရှိသူ ဆလိုင်းအန်ထော်နီက အတည်ပြုထားသည်။

ယောဒေသ သတင်းရင်းမြစ်အချို့၏ အသိပေးချက်အရ ဆောမြို့နယ် အတွင်း စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှု ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ထို့ပြင် ထီးလင်းမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟုဆိုသည်။ ထီးလင်းမြို့နယ် တစ်နေရာတွင် စစ်ကောင်စီတပ်က ယနေ့ နိုဝင်ဘာ ၅ရက် မနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ယောအလင်းတန်းက ဖော်ပြသည်။ အသေးစိတ် အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြကာ ပြည်သူများနှင့် နယ်သူနယ်သားများ လေကြောင်းရန် အထူးဂရုစိုက်ရန်လည်းသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook